အသက်မွေးဝမ်းကျောင်းဆိုင်ရာ

ပခုက္ကူမြို့နယ် ပန်းပဲမြေသမဝါယမအသင်းမှ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မယ်အဖြစ် သံထည်ပစ္စည်းများ ထုတ်လုပ်ရောင်းချ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ချိုက်ကျေးရွာရှိ ပန်းပဲမြေသမဝါယမအသင်းမှ အသင်းသားများအနေဖြင့် မိမိ၏ မူလစီးပွားရေးလုပ်ငန်းများအပြင် အိမ်တွင်းမှုလုပ်ငန်းအဖြစ် One Village One Product ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မယ် ပစ္စည်းများဖြစ်သည့် ကတ်ကြေး၊ ဓါး၊ မွေးညှပ် စသည့် သံထည်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိပါသည်။ ထိုလုပ်ငန်းကို ဆောင်ရွက်နေခြင်း ဖြင့် တစ်လလျှင် ကျပ် (၈၀,၀၀၀) ခန့် အပိုဝင်ငွေ ရရှိကြပြီး ယင်းအသင်းမှ ထုတ်လုပ်သော သံထည် ပစ္စည်းများသည် အရည်အသွေးကောင်းမွန်သဖြင့် သုံးစွဲသူများ ကြိုက်နှစ်သက်ကြကြောင်း သိရှိ ရသည်။