Covid-19ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍအပေါ် အကျိုးသက်ရောက်မှု များအား တုံ့ပြန်မည့်အစီအစဉ်ရေးဆွဲရေးညှိနှိုင်းဆွေးနွေးပွဲကို ဧပြီလ ၂၂ ရက်နေ့ ညနေ ၃ နာရီ အချိန်က က နေပြည်တော် ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး နှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။
Covid-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍအပေါ် အကျိုးသက်ရောက် မှုများအား ထိရောက်စွာတုံ့ပြန်နိုင်ရေးနှင့် နိုင်ငံတော်မှ ရေးဆွဲဆောင်ရွက်လျက်ရှိသည့် Covid-19 တုံ့ပြန်ရေးမဟာဗျူဟာအစီအစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး အတွက် ယနေ့ ဆွေးနွေးပွဲကိုကျင်းပရခြင်းဖြစ်ပြီး လုပ်ကွက်ငယ်တောင်သူများ နှင့်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ အတွက် ငွေကြေးထောက်ပံ့မည့်အစီအစဉ်များ ၊ စျေးကွက်ခိုင်မာရေးနှင့် နည်းပညာပံ့ပိုးပေးမည့် အစီအစဉ်များ၊ ကျေးလက်နေပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမည့် အစီအစဉ်များ၊ Cash for work ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။