နယ်သတင်းများ သတင်းကဏ္ဍ

ထားဝယ်မြို့တွင် ဆီအုန်းလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ၂၀၁၉ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ပြီး Fauna & Flora International ၊ CIRAD ဆီအုန်းမျိုးစေ့ထုတ်လုပ်ရေးဌာန တို့ ပူးပေါင်း၍ “Workshop on Development for Sustainable Oil Palm Industry Tanintharyi 2019”ကို နိုဝင်ဘာလ ၁၈ ရက်နေ့နံနက် (၉)နာရီတွင် ထားဝယ်မြို့၊ Diamond Crown Hotel ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာ၊ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေး၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ စာတမ်းရှင်များ၊ တိုင်း/ခရိုင်/မြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများ၊ Fauna & Flora International ၊ CIRAD ဆီအုန်းမျိုးစေ့ထုတ်လုပ်ရေးကုမ္ပဏီတို့မှ တာဝန်ရှိသူများ၊ ဆီအုန်းကုမ္ပဏီ နှင့် ဆီအုန်းခြံရှင်များ စုစုပေါင်း (၁၄၀)ဦးတို့တက်ရောက်ကြပြီး အခမ်းအနား တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး     ဦးထွန်းထွန်းထွေး က ဆီအုန်းလုပ်ငန်းနှင့် ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာန ၏ ဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်ဦး က အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

အခမ်းအနားပထမပိုင်းတွင် စာတမ်းရှင် (၁၃)ဦး က ဆီအုန်းလုပ်ငန်း ဆိုင်ရာ စာတမ်းများကို ဖတ်ကြားကြပြီး ဒုတိယအပိုင်းအနေဖြင့် ခရိုင်(၃)ခုမှ တက်ရောက်လာကြသော ဆီအုန်းကုမွဏီများ ၏ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဆီအုန်းလုပ်ငန်းကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကြံပြုသုံးသပ်ချက်များ၊ သိရှိလိုသည်များအား  မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။