ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီးဦးလှကျော် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

          စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် သည် အမြဲတမ်းအတွင်းဝန်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Zhang Guohua ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

          တွေ့ဆုံစဉ် တရုတ်-မြန်မာနှစ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးထွက်ကုန်  တင်ပို့မှု ဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုအပြင် ဆန်ကွဲ နှင့် ပြောင်း တင်ပို့နိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်းကောင်း၊ မွေးမြူ‌ရေးနှင့်ကုသ‌ရေးဦးစီးဌာန နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်ဆိုင်ရာ အထွေထွေအုပ်ချုပ်‌ရေး(GACC)တို့အကြား ကျွဲ၊ နွားများဆိုင်ရာ ထိန်းသိမ်းစောင့်ကြည့်ရေး နှင့် ကျန်းမာရေးလိုအပ်ချက်ဆိုင်ရာ  ဆောင်ရွက်ထားရှိမှုများ၊ မဲခေါင်-လန်ချန်းနိုင်ငံများ ၏ တိရစ္ဆာန် နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများအား တရားဝင် နယ်စပ်ကုန်သွယ်မှုအတွက် တိရစ္ဆာန်ဆေးကုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေးရေးစီမံကိန်းလုပ်ငန်း များ ကိုလည်းကောင်း၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ တစ်လျှောက် အကောင်အထည် ဖော်မည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ စီးပွား‌ရေး စင်္ကြံတစ်လျှောက် အားလုံးလွှမ်းခြုံနိုင် သော မွေးမြူရေးဇုန်များ တည်ထောင်ခြင်းနှင့် သုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ရန်အတွက် သုတေသနစင်တာများ ထူထောင်ခြင်းစီမံကိန်း ဆောင်ရွက် ထားရှိမှုများကိုလည်းကောင်း ၊ ငါးလုပ်ငန်းဦးစီးဌာန က စီးပွားဖြစ်မွေးမြူ ထုတ်လုပ် လျက်ရှိသည့် ငါး/ပုစွန် (၂၁)မျိုးအပြင် အမျိုးအစား (၁၀၀)ကျော် တိုးမြှင့်တင်ပို့ နိုင်ရေးအတွက်  တရုတ်နိုင်ငံ(GACC) နှင့် ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ နှင့် ယူနန်ပြည်နယ်အကြား စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့နိုင်ရေးအတွက် တည်ငြိမ် ခိုင်မာသောစျေးကွက်ရရှိနိုင်ရေး၊ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ စိုက်ပျိုးရေးသိပ္ပံ နည်းပညာ စံပြဇုန်နှင့်ဆက်စပ်သည့်  ခေတ်မီ အဆင့်မြင့်လယ်ယာများဖော်ထုတ်ခြင်း နှင့် အဆင့်မြင့်လယ်ယာသုံးစက်ကိရိယာများ ကူညီဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ ၊ နည်းပညာစံပြ ဇုန်များတွင် မြေဆီလွှာ အာဟာရဓာတ်များတိုင်းတာနိုင်‌ရေးနှင့် သီးနှံပင် ဓာတုဓာတ်ကြွင်း စစ်ဆေးနိုင်ရေး တို့အတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ အား ဆွေးနွေးကြကြောင်း သိရသည်။