သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဗီဇအချက်အလက်နည်းပညာများကိုအသုံးပြု၍ မြန်မာနိုင်ငံ၏ ဆန်စပါးမျိုးမွေးမြူရွေးချယ်ရေးကဏ္ဍမြှင့်တင်ခြင်းစီမံကိန်း အစီအစဉ်အရ စာတမ်းဖတ်ပွဲ ကျင်းပ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန(DAR)နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေးအေဂျင်စီ(JICA) တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဗီဇအချက်အလက်နည်းပညာများ အသုံးပြု၍ မြန်မာနိုင်ငံ၏ ဆန်စပါးမျိုးမွေးမြူရွေးချယ်ရေးကဏ္ဍ မြှင့်တင်ခြင်း စီမံကိန်း အစီအစဉ် အရ ကျင်းပ ပြုလုပ်သည့် စာတမ်းဖတ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ(၂၀) ရက်နေ့၊ နေ့လည်(၁) နာရီတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူးများ၊ စီမံကိန်းတာဝန်ခံ ဒေါက်တာမင်းစံသိန်း၊ ဒေါက်တာဥမ္မာစောနှင့် အဖွဲ့ဝင်များ၊ နယ်သုတေသနခြံများမှ အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး တက္ကသိုလ် မှ တာဝန်ရှိသူများ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA_ Kyushu and Nagoya University) မှ အကြံပေးအရာရှိ Dr. Atsushi Yoshimura ဦးဆောင်သည့် စီမံကိန်းအဖွဲ့ဝင်များ နှင့် ပုဂ္ဂလိကကုမ္ပဏီများမှ တာဝန်ရှိသူများ၊ စပ်မျိုးစပါးနည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးသင်တန်းမှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA_ SATREPS Project) မှ အကြံပေးအရာရှိ Dr. Atsushi Yoshimura က ဗီဇအချက်အလက် နည်းပညာများ အသုံးပြု၍ မြန်မာနိုင်ငံ၏ ဆန်စပါးမျိုး မွေးမြူရွေးချယ်ရေး ကဏ္ဍ မြှင့်တင်ခြင်းစီမံကိန်း လုပ်ငန်း ဆောင်ရွက်မှုများကို လည်းကောင်း၊ Nagoya University မှ Dr. Motoyuki Ashikari က စပါးမျိုးကူးစပ်ခြင်းအတွက် မျိုးရိုးဗီဇ ရှာဖွေခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ နည်းပညာအချက် အလက်များ အား လည်းကောင်း၊

Keisuke Nagai က ရေကြီးနစ်မြုပ်သော ဒေသများအတွက် လိုက်လျော ညီထွေမှုရှိသည့် စပါးပင်၏ ဆစ်ကြားရှည်ထွက်မှုအခြေအနေများကို လည်းကောင်း၊ Kyushu University မှ Dr. Hideshi Yasui က စပါးပင်၏မျိုးရိုးဗီဇအခြေခံသော ရှုပ်‌ထွေးသည့် လက္ခဏာ ရပ်များ အကြောင်းကိုလည်းကောင်း၊ Dr. Yoshiyuki Yamagata က Genetic basis of postzygotic reproductive isolation on AA genome species in rice အကြောင်း ကိုလည်းကောင်း စာတမ်းများအသီးသီး ဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများ၏ သိရှှှိ လိုသည့် မေးမြန်းချက်များအပေါ် သက်ဆိုင်ရာစာတမ်းရှင်များက အသေးစိတ်ဖြေကြား ဆွေးနွေး ခဲ့ကြသည်။