ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လျှာနာ ရောဂါ ကာကွယ်ဆေးဝါးထုတ်လုပ်ရေးစက်ရုံ ပန္နက်တင် ၂၀၂၀ ခုနှစ် ဇူလိုင်လတွင် ပြီးစီးမည်

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခွါနာ လျှာနာ ရောဂကာကွယ်ဆေးဝါး ထုတ်လုပ်ရေး စက်ရုံ ပန္နက်တင အခမ်းအနားကိုဇွန်လ ၂၂ ရက နံနက နာရီအချိန်က ရန်ကုန်မြို အင်းစိန်မြို့နယ်ရှိမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးဝန်းအတွင်း ကျင်းပရာစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E Mr. Ichiro MARUYAMA JICA , Chief Representative Mr. Masayuki KARASAWA လွှတ်တော ကိုယ်စားလှယ်များ အမြဲတမ်းအတွင်းဝန ဒေါက်တာခင်ဇော်၊ညွှန်ကြားရေးမှူးချုပ ဒေါက်တာရဲထွန်းဝင်း YAMASHITA SekkeiCM and TAKENAKA Corporation မှ ကိုယ်စား လှယ်များ တက်ရောက ကြသည်။

အခမ်းအနားတွငပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့် ဂျပန်နိုင်ငံ သံအမတ်ကြီး တို့က အဖွင့်အမှာစကားများ ပြောကြားကြပြီးစီမံကိန်းဒါရိုက်တာ က ခွါနာ လျှာနာ ရောဂ ကာကွယ်ဆေးဝါးထုတ်လုပ်ရေး စက်ရုံ တည်ဆောက်မှုလုပ်ငန်းဆိုင်ရာများ ကို ရှင်းလင်းတင်ပြသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးဂျပန်နိုင်ငံသံအမတ်ကြီးအမြဲတမ်းအတွင်းဝန နှင့် တာဝန်ရှိသူများက ခွါနာလျှာနာရောဂကာကွယ်ဆေးဝါး ထုတ်လုပ်ရေး စက်ရုံ တည်ဆောက မည့် သတ်မှတ်နေရာများတွငပန္နက်တင်မင်္ဂလာကိုဆောင်ရွက်ကြသည်။

မြန်မာနိုင်ငံသညအရှေ့တောင်အာရှနိုင်ငံများတွငတိရစ္ဆာန်အရင်းအမြစ်ပေါများသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်လျက်ရှိပြီး နှစ်စဉအနည်း နှင့်အများ ဖြစ်လေဖြစ်ထရှိသည့် ခွါနာလျှာနာ ရောဂ ကာကွယ်ရေးလုပ်ငန်းများကိုလည်း မိမိတို့ဌာန က စနစ်တကျဆောင်ရွက လျက ရှိသကဲ့သိုအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဖွံ့ဖြိုးမှု မိတ်ဘကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်မှာနှစ်ကျော်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ က ခွါနာ လျှာနာ ရောဂ အဖြစ်များသည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများရှိ မြို့နယ် ၂၄ မြို့နယ်တွငရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သဖြင့် ရောဂါဖြစ်ပွား နှုန်း လျော့ကျသွားသည်ကိုတွေ့ရှိရကြောင်းအဆိုပါရောဂါသညကူးစက်လွယ်ရောဂါဖြစ်ပြီး ခွါနာ လျှာနာဖြစ်ပြီးသည့် ကျွဲ နွားများသညလယ်ယာလုပ်ငန်းခွင်တွငနှစ်ကာလတစ်ခုအထိ အသုံး ပြု၍မရနိုင်သဖြင့် တောင်သူများအတွကထိခိုက်မှုများကြုံတွေ့ရပါကြောင်း သို့ပါ၍ ခွါနာ လျှာနာရောဂတားဆီးကာကွယ်ရေးသညကျေးလက်နေပြည်သူများလူမှုစီးပွားကို များစွာအထောက်အကူပြုသည့်လုပ်ငန်းဖြစ်ကြောင်း         မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ ဒေါက်တာရဲထွန်းဝင်း က ပြောသည်။

ယနေ့ကျင်းပပြုလုပ်သော ပန္နက်တင်ဆောင်ရွက်သည့် ခွါနာ လျှာနာ ရောဂ ကာကွယ်ဆေးဝါးထုတ်လုပ်ရေး စက်ရုံသညRoller bottle culture method အသုံးပြုပြီး တစ်နှစ်လျင ကာကွယ်ဆေးတစ်သန်းထုတ်လုပ်နိုင်မည်ဖြစ်ပြီး အဆိုပါစက်ရုံတည်ဆောကခြင်း နှင့် ဓါတ်ခွဲခန်းသုံးပစ္စည်းကိရိယာများ အတွက ဖွံ့ဖြိုးတိုးတက်မှုအကူအညီအထောက်အပံ့ဖြ ဂျပန်ယန်း ၁၄၁၇ သန်း ကို ဂျပန်နိုင်ငံအစိုးရကကူညီပေးခြင်း ဖြစ်သည်။

ခွါနာ လျှာနာ ရောဂ ကာကွယ်ဆေး ပိုမိုထုတ်လုပ်ပေးခြင်းနှင့်ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းလုပ်ငန်းများ တိုးတက်မြင့်မားလာစေခြင်းမှတဆင့် မြန်မာနိုင်ငံတွင ခွါနာ လျှာနာ ရောဂ ဖြစ်ပွားမှုကို ထိန်းချုပ်လာနိုင်စေပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာ စေရနရည်ရွယ်ဆောင်ရွက်သော ယခုတည်ဆောက်ရေးစီမံကိန်းကို ၂၀၂၀ ခုနှစဇူလိုင်လ တွင ပြီးစီးအောင ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။