ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နယ်သာလန်နိုင်ငံသံရုံး Agricultural Counsellor ဦးဆောင်သည့် အဖွဲ့ အား တွေ့ဆုံ

          စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံဆိုင်ရာ  နယ်သာလန် နိုင်ငံသံရုံးမှ Agricultural Counsellor ဖြစ်သူ Mr. Frederik Heijink ဦးဆောင်သည့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ များ ဆွေးနွေးသည်။          နှစ်ဘက်ဆွေးနွေးစဉ် စိုက်ပျိုးရေးလုပ်ငန်းများကိုအခြေခံသည့် အသက်မွေး ဝမ်းကျောင်း ကဏ္ဍဆိုင်ရာများ၊ မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလယ်အလတ် အဆင့် စိုက်ပျိုးရေးပညာရှင်များ လေ့ကျင့်မွေးထုတ်ရာတွင် ကျွမ်းကျင်မှု အရည်အသွေး မြှင့်တင်ရန် နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများ အဆင့်မြှင့်တင် ဆောင်ရွက် ရန်၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများရှိ ဆရာ၊ ဆရာမများ၏ သင်ကြားရေးဆိုင်ရာ အရည် အသွေး မြှင့်တင်ရန်၊ စိုက်ပျိုးရေးဆိုင်ရာ အခြေခံကောင်းများရှိသော နေရာဒေသများကို ရွေးချယ်၍ ကနဦးစတင်၍ ပူးပေါင်းဆောင်ရွက်သွားရန်  ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။