နယ်သတင်းများ

ဘားအံမြို့နယ် အိန္ဒု ကျေးရွာတွင် စပါးမျိုးစေ့ချကိရိယာဖြင့်

လုပ်သားရှားပါးမှုကို သက်သာစေမည့် စပါးမျိုးစေ့ချကိရိယာဖြင့် တောင်သူများ အား စိုက်ပျိုးနည်းပညာပေး
ကရင်ပြည်နယ် ဘားအံမြို့နယ် အိန္ဒု ကျေးရွာတွင်ကိုဗစ်-၁၉ရောဂါကာလ လုပ်သားရှားပါးမှု အခက်အခဲကို သက်သာစေမည့် စပါးမျိုးစေ့ချ ကိရိယာဖြင့် တောင်သူများအား စိုက်ပျိုး နည်းပညာပေးခြင်းကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက် နေကြောင်း သိရသည်။
 
စပါးမျိုးစေ့ချကိရိယာဖြင့် တိုက် ရိုက်စိုက်ပျိုးခြင်းသည် ကိုဗစ်-၁၉ ရောဂါကာလတွင် လူစုလူဝေးမဖြစ်စေ ဘဲ လူသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းခြင်း စသည့်အကျိုးကျေးဇူးများ ရရှိကြောင်းနှင့် ရည်ရွယ်ချက်များကို ဘားအံမြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးဆဲင်ဇခုတ်က “ကျွန်တော်တို့ တောင်သူတွေကို ဒီအစေ့ချစိုက်ပျိုး နည်းတွေပေးရတာကတော့ ကိုဗစ်-၁၉ ရောဂါကာလမှာ လုပ်သားရှားပါးမှု အခက်အခဲကို ကျော်လွှားနိုင်ဖို့၊ မျိုးစေ့ ကုန်ကျစရိတ်ကို သက်သာနိုင်ဖို့နဲ့ စိုက်ဧကရရှိရေး အင်တိုက်အားတိုက် စည်းရုံးပညာပေးနေခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။
 
နောင်လုံ အရှေ့ကျေးရွာမှတောင်သူ ဦးစောကျော်လွင်က “ဒီလိုမျိုးစိုက် ရတာကို သဘောကျပါတယ်၊ ဘာလို့လဲ ဆိုတော့ တောင်သူတွေအတွက် ကုန်ကျစရိတ် သက်သာမယ်၊ စိုက်ပျိုး ရတာ လွယ်လည်းလွယ်တယ်ဆို တော့။ တစ်ခုတော့ရှိတယ် စပါးမျိုးစေ့ ချတဲ့ ကိရိယာက အခက်အခဲရှိမလား၊ ငှားလို့ရမရ၊ ဝယ်နိုင်တဲ့သူတွေအတွက် ဝယ်လို့ရ မရပေါ့။ အဲ့လိုရမယ်ဆိုရင် ပိုပြီးအဆင်ပြေတာပေါ့”ဟု ပြောကြား သည်။
 
“ကျွန်တော်တို့စိုက်ပျိုးရေးရုံးမှာဆိုရင် မျိုးစေ့ချတဲ့ကိရိယာ ၁၅ လက်ရှိပါ တယ်၊ တောင်သူတွေအတွက် လိုအပ် တဲ့ တိုက်နယ်အလိုက် တောင်သူ တိုင်းကို ငှားပေးပါမယ်၊ ပြီးသွားရင် တော့ အခြားတောင်သူတွေကို ပြန်ငှားဖို့ပါ။ ဝယ်မယ်ဆိုရင်လည်း စိုက်ပျိုးရေး၊ ဓာတ်မြေဩဇာ၊ ပိုးသတ် ဆေး အရောင်းဆိုင်တွေနဲ့ ချက်ချင်း ချိတ်ဆက်ရရှိနိုင်ရေးကို ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်”ဟု ဘားအံ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက ဆက်လက်ပြောကြားသည်။
 
မြို့နယ်(ပြန်/ဆက်)