ကျေးလက်ကဏ္ဍ သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

တောင်သူလယ်သမားများသို့ အသိပေးတင်ပြခြင်း

ယနေ့ကာလတွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးသီးနှံများ ပြည်တွင်း ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ကူညီဖြေရှင်း ပေးနိုင်ရန်အတွက် သမဝါယမကဏ္ဍမှ ကူညီဆောင်ရွက်ပေးမည့်အစီအစဉ်အား အသိပေးတင်ပြ အပ်ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်သမဝါယမအသင်းစုချုပ်များနှင့် ညှိနှိုင်းပြီး ပို့ဆောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို အစွမ်းကုန်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ယင်းကိစ္စရပ်များကို ဆောင်ရွက်ရာတွင် သမဝါယမ၏ မူတစ်ရပ်ဖြစ်သော No Profit, No Loss ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ တောင်သူလယ်သမားများအနေဖြင့် မိမိတို့၏ စိုက်ပျိုးထုတ်ကုန်များ ရောင်းချလိုပါက ရှမ်းပြည်နယ်အတွက် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန (ဖုန်း ၀၈၁-၂၁၂၁၆၇၂) နှင့် ရှမ်းပြည်နယ်သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌ (ဖုန်း ၀၉-၅၂၁၄၃၇၃) သို့လည်းကောင်း၊ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် တိုင်းဒေသ ကြီး၊ ပြည်နယ်သမဝါယမဦးစီးဌာနများနှင့် အသင်းစုချုပ်များ၊ သမဝါယမဦးစီးဌာန (ရုံးချုပ်) (ဖုန်း ၀၆၇-၄၁၀၃၄၁) သို့ ဆက်သွယ်အကူအညီရယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

သမဝါယမဦးစီးဌာန

                        စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန