စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ =နှင့်အတူ သြဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ဂျပန်နိုင်ငံ၊ အအိချိခရိုင်တွင် ခန့်အပ် ထားသည့် မြန်မာနိုင်ငံ၏ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr.Toshio Nishimura ဦးဆောင်သည့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ဂျပန် နှစ်နိုင်ငံ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာပူးပေါင်း ဆောင်ရွက်မှု၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ၊ ဂျပန်နိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် စိုက်ပျိုးရေးသွင်းအားစု မြေသြဇာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးစေရေး ကောင်းမွန် တိုးတက်စေသည့် မဟာဗျူဟာများ၊ ကျေးလက်ရေရရှိရေးလုပ်ငန်းများ နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်များ ချမှတ်ဆောင်ရွက်နေမှုများကို ဆွေးနွေးကြကြောင်း သိရှိရသည်။