ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံ၍ လယ်ယာကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေး။  

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak ဦးဆောင် သည့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(TICA) နှင့် အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှု ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Neighbouring Countries Economic Development Cooperation Agency – NEDA) တို့နှင့် ပူးပေါင်း၍ ပညာသင်ဆုနှင့် စွမ်းဆောင်ရည်မြင့်သင်တန်းများ ပို့ချ ဆောင်ရွက် နေမှုနှင့် စိုက်ပျိုးရေးကဏ္ဍ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို လည်းကောင်း၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်ပြည်နယ်များ နှင့် တနင်္သာရီတိုင်းဒေသကြီးများ တွင် စိုက်ပျိုး မေွးမြူရေးဆိုင်ရာ နည်းပညာပြန့်ပွားရေးစင်တာများဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်းကောင်း၊ တန်ဘိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ဓာတုဓါတ်ကြွင်း နည်းသည့် မြေသြဇာများ သုံးစွဲနိုင် ရန်နှင့်  သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး ကိစ္စရပ်များ၊  ကျေးလက်ဒေသ ဖွံ့ဖြိုး ရေး လုပ်ငန်းများ၊ စိုက်ပျိုးသီးနှံဧရိယာအလိုက်  စိုက်ပျိုးရေးဆိုင်ရာ အာမခံလုပ်ငန်းများနှင့် အသေးစားငွေချေး လုပ်ငန်း ဆောင်ရွက်နေမှု များ၊ တွင် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ စိုက်ပျိုးရေးသွင်းအားစုဆိုင်ရာ အဓိက လိုအပ်ချက်ဖြစ်သည့် မျိုးစေ့ထုတ်လုပ်ခြင်း၊ သွင်းအား စု ထုတ်လုပ်ခြင်း၊ ရေအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ဆည်မြောင်းတာတမံနည်း ပညာဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။