ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အာဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေး သဘောတူစာချုပ်ဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်သည့် Performance Indicator များ အပြီးသတ် အတည်ပြု သတ်မှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

အာဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေး သဘောတူစာချုပ်ဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်သည့် Performance Indicator များ အပြီးသတ် အတည်ပြု သတ်မှတ်နိုင်ရေး အတွက် ဌာနအကြီးအကဲများနှင့် ညှိနှိုင်းဆွေးနွေးပွဲ ကို နိုဝင်ဘာ ၁ ရက်နေ့ နံက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးလှကျော် အဖွင့်အမှာစကား ပြောကြားသည်။

ဆွေးနွေးပွဲသို့ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ ဦးစီးဌာနများမှ ညွှန်ကြား‌ရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။