နယ်သတင်းများ

သီပေါ၌ စပါးမျိုးဆားရည်စိမ်ခြင်းနှင့် ငမြှောင်တောင်ဖျက်ပိုးကာကွယ်နှိမ်နင်းနည်း လက်တွေ့သရုပ်ပြ

          ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် စိုက်ပျိုးရေး ဦးစီးဌာနသည် မိုးရာသီ စိုက်ပျိုးရေး ကာလတွင် တောင်သူ များ စပါးပိုမိုထွက်ရှိရေး ရည်ရွယ်၍ စိုက်ပျိုးရေး
ဆိုင်ရာ အလေ့အကျင့်ကောင်းများရရှိရေးအတွက် ယနေ့ နံနက် ၇ နာရီက သီပေါမြို့နယ် မန်ဟဲကျေးရွာအုပ်စု နားခဲကျေးရွာ တောင်သူ ဦးဆန်စိုင်းသာညွန့်၏ လယ်မြေ ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ၌ စပါးမျိုးစေ့ ဆားရည်စိမ်ခြင်း လက်တွေ့ သရုပ်ပြပွဲနှင့် ဖောငမြှောင်တောင်ပိုး ကြိုတင်ကာကွယ်နှိမ်နင်းနည်း သရုပ်ပြပွဲ ကျင်းပသည်။
အဆိုပါ လက်တွေ့သရုပ်ပြပွဲသို့ ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမောင်မောင်အေးနှင့် ခရိုင်မြေ၊ မျိုး၊ ပိုးတာဝန်ခံများ၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းမင်းဦးနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ ကွင်းတာဝန်ခံများနှင့် စပါးမျိုးစေ့ စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ညွှန်ကြားချက်များအတိုင်းလိုက်နာကာ လက်တွေ့ပြသ ဆောင်ရွက်ကြသည်။
ဆက်လက်၍ အစေ့ထုတ်ပြောင်းစိုက်ခင်းများတွင် ဖောငမြှောင်တောင်ပိုး ကြိုတင်ကာကွယ်နှိမ်နင်းနည်းများ နှင့် ငမြှောင်တောင်ဖျက်ပိုးကျရောက်မှု စစ်တမ်းကောက်ယူ နိုင်ရန် Pheromone Trap ကိရိယာဖြင့် လက်တွေ့ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်း(သီပေါ)