ဆည်-ရေကဏ္ဍ

၂၀၂၀ပြည့်နှစ် ဇွန်လ ၁၉ ရက်နေ့အထိ ဆည်တမံများ ရေဝင်ရောက်မှုအခြေအနေအားတင်ပြခြင်း။

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့၊ ရေဘုတ်ရေလှောင်တမံ တွင် မိုးရေချိန် ၂.၆၄လက်မ ဝင်ရေ ၄၈၀ ဧကပေ ၊ ချင်းပြည်နယ် ဖလမ်းမြို့ ရှိ လိုင်ဗားရေလှောင်တမံ မိုးရေချိန် ၀.၁၅ လက်မ ဝင်ရေ ၅၂ ဧကပေ ရှိပြီး ရေပိုလွှဲမှ ၀.၃ ပေ ရေကျော်ကျလျက်ရှိနေပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရှိ ဆည်တမံများ ရေဝင်ရောက်မှုအနေဖြင့် ကျွန်းလှမြို့ ရှိ သဖန်းဆိပ်ရေလှောင်တမံ တွင် ဝင်ရေ ၁၂၃၁၉ ဧကပေ ၊ ကန့်ဘလူမြို့နယ် ရှိ ကျေးပင်အက်ရေလှောင်တမံ ၌ ဝင်ရေ ၈၉ ဧကပေ ၊ ပုလဲမြို့ မြောက်ယမားရေကူရေလှောင်တမံ ၌ ဝင်ရေ ၄၀ ဧကပေ ၊ ကလေးမြို့ ရာဇဂြိုဟ်ရေလှောင်တမံ ၌ ဝင်ရေ ၈၂၇ ဧကပေ အသီးသီးရှိကြသည်။

ပဲခူးတိုင်းဒေသကြီးရှိ ဆည်တမံများ ရေဝင်ရောက်မှုအနေဖြင့်  ပသိရေလှောင်တမံ ၅၈ ဧကပေ ၊ ခပေါင်း ၁၄၂၄ ဧကပေ ၊ ဖြူးချောင်း ၄၅၀ ဧကပေ ၊ ရဲနွယ် ၂၄၆၀ ဧကပေ ၊ ဘိုင်းဒါး ၃၅၈၅ ဧကပေ ၊ ကောလိယ ၅၀၉ ဧကပေ ၊ ဘောနီ ၃၉၀ ဧကပေ၊ ဝါးကတုတ် ၁၆၀ ဧကပေ၊ မဇင်း ၄၁၄ ဧကပေ၊ ဇလက်ထော် ၂၁၁၄ ဧကပေ၊ အလိုင်နီ ၃၇၀ ဧကပေ၊ ရွှေပြည်(၃) ၉၂ ဧကပေ၊ ကိုဒူကွဲ ၂၃၃ ဧကပေ၊ ရွှေလောင်း ၂၁၇ ဧကပေ၊ စလူ ၄၄ ဧကပေ၊ မြောက်နဝင်း ၅၂ ဧကပေ၊ တောင်နဝင်းရေလှောင်တမံ ၁၇၄ ဧကပေ၊ တောင်နဝင်းရေထိန်းတမံ ၂၀၇ ဧကပေ၊ ဝဲကြီး ၁၉၉ ဧကပေ၊ ညောင်ကိုင်း ၁၅၀ ဧကပေ၊ တောင်ညို ၃၁၈ ဧကပေ၊ မင်းလှ ၅၁ ဧကပေ၊ ကံတင်ဘီးလင်း ၅၈၇ ဧကပေ၊ သဲကော ၆၆ ဧကပေ၊ သုံးဆယ် ၅၃၉ ဧကပေ၊ မုက္ခာ ၁၀၅၆ ဧကပေ၊

မကွေးတိုင်းဒေသကြီး ရှိ ဆည်တမံများ ရေဝင်ရောက်မှုအနေဖြင့် ကင်မွန်းတောင် ၆၄ ဧကပေ၊ မြစ်သာ ၁၁၆၇ ဧကပေ၊ စလင်း ၈၄ ဧကပေ၊ မုန်းချောင်း ၄၇၉၃ ဧကပေ၊ မန်းချောင်း ၁၀၃၅ ဧကပေ၊ ကြီးအုံကြီးဝ ၅၂၁၈ ဧကပေ၊

မန္တလေးတိုင်းဒေသကြီးတွင် ဆည်တော်ကြီး ၇၉၀ ဧကပေ၊ ကင်းတား ၉၈၃ ဧကပေ၊

နေပြည်တော် ရှိ ဆည်တမံများ ရေဝင်ရောက်မှုအနေဖြင့်  ပေါင်းလောင်း ၅၂၄၁ ဧကပေ၊ ချောင်းမငယ် ၂၂၉ ဧကပေ၊ မဒန်း ၈၀ ဧကပေ၊

မွန်ပြည်နယ် တွင်  ဝါးပါး ၁၉၂ ဧကပေ၊ ကတိုက် ၃၈၈ ဧကပေ၊ ရွှေနတ်တောင် ၆၁ ဧကပေ၊ ဝင်းဖနုံ ၁၅၀ ဧကပေ ၊

ရခိုင်ပြည်နယ် တွင် ပြိုင်းချောင်း ၁၀၅၇ ဧကပေ၊ ဇီးချောင်း ၁၄၀ ဧကပေ၊ ငပလီ ၇၄ ဧကပေ၊ မင်းသားချောင်း ၃၀၀ ဧကပေ၊ ရှောက်ချောင်း ၆၇ ဧကပေ၊ ခမီကြိမ်ချောင်း ၅၄၅ ဧကပေ၊ ဟင်းရွက်ချောင်း ၁၆၆ ဧကပေ၊ ကမ်းသာယာ ၅၂ ဧကပေ၊

ရန်ကုန်တိုင်းဒေသကြီး ရှိ ဆည်တမံများ ရေဝင်ရောက်မှုအနေဖြင့် ပေါင်းလင်း ၁၃၉၁ ဧကပေ၊ လဂွမ်းပြင် ၁၃၇၀ ဧကပေ၊ မဟူရာ ၁၀၀၂ ဧကပေ၊ ငမိုးရိပ် ၁၇၆၆ ဧကပေ၊ ကလီထော် ၁၁၇ ဧကပေ၊ ဘန့်ဘွေးကုန်း ၄၈ ဧကပေ၊ ဇာမဏီအင်း ၁၇၄ ဧကပေ၊

ရှမ်းပြည်နယ် တွင် ဇော်ဂျီ ၁၀၃၅ ဧကပေ၊ မြို့ကြီး ၄၁ ဧကပေ၊ မုံးရင် ၆၀ ဧကပေ၊

ဧရာဝတီတိုင်းဒေသကြီး တွင် ကွန်ချောင်း ၂၀၇ ဧကပေ၊ မမြ ၂၃၃ ဧကပေ၊ နန်ကသူ ၁၉၃၄ ဧကပေ၊ ကညင် ၅၁၀ ဧကပေ တို့အသီးသီးရေဝင်ရောက်ခဲ့ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က သတင်းရရှိသည်။