နယ်သတင်းများ သတင်းကဏ္ဍ

မြေဆီလွာဖွံ့ဖြိုးတိုးတက်ရေးနှင့် မြေဆီလွာ အဟာရဓါတ်များ မှန်ကန်စွာသုံးစွဲခြင်း နည်းပညာပေး

မြေဆီလွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများနှင့် သီးနှံပင်များအတွက် မြေဆီလွာ အဟာရဓါတ်များ မှန်ကန်စွာသုံးစွဲခြင်း နည်းပညာပေး သင်တန်း ကို ဒီဇင်ဘာလ ၁၉ ရက် နံနက်ပိုင်းက နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ မပျဉ်းမနားမြို့နယ်၊နတ်သူရဲကျေးရွာ တောင်သူနည်းပညာပေးစင်တာ KC ၌ ကျင်းပသည်။

သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ မြေအသုံးချရေး တာ၀န်ခံ ဒေါ်ဌေးဌေးရီ နှင့် ဒုတိယဦးစီးမှူး ဦးမြင့်မောင်ထွေး တို့က မြေဆီလွာဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများ၊ မြေဆီလွာ အဟာရဓါတ်များ မှန်ကန်စွာ သုံးစွဲနည်း နှင့် အရည်အသွေးပြည့်မီသည့် စိုက်ပျိုးရေးထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆိုင်ရာ နည်းပညာများကို ဟောပြောပို့ချခဲ့ကြပြီး ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးသည်။

သင်တန်းပို့ချစဉ်အတွင်း လက်ရှိကြုံတွေ့နေရသော တောင်သူများ ၏ အခက်အခဲနှင့် သိရှိလိုသည်များကို မြေအသုံးချရေး တာ၀န်ခံ ဒေါ်ဌေးဌေးရီ နှင့် ဒုတိယဦးစီးမှူး ဦးမြင့်မောင်ထွေး တို့က ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။