စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ဂျပန်နိုင်ငံ Kamichiku Holding Co.,Ltd မှ တာဝန်ရှိသူများအား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်ပိုင်ထုတ်လုပ် မည့် တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် စီးပွားဖြစ်တိရစ္ဆာန် မွေးမြူခြင်းလုပ်ငန်း၊ အိမ်မွေး တိရစ္ဆာန် အသုံးအဆောင်ပစ္စည်းများအား ပြည်ပပို့ကုန် အဖြစ် ထုတ်လုပ် နိုင်မှု အခြေအနေများ၊ ပုဂ္ဂလိက တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ နွားနောက် မွေးမြူရေးလုပ်ငန်း၊ ပျားနှင့် ပျားထွက်ပစ္စည်း ဆိုင်ရာလုပ်ငန်း၊ တိရစ္ဆာန်အစာ ဖြည့်စွက်စာထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ မွေးမြူရေး တိရစ္ဆာန် အစာထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းနှင့် အိမ်မွေးတိရစ္ဆာန် အစာထုတ် လုပ် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မှု အလားအလာများ နှင့် ကိုဆွေးနွေး ခဲ့ကြကြောင်း သိရသည်။