ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

(၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေး နှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

 

(၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်း အဝေး ၊ (၂၂)ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီး များ အဆင့်အစည်းအဝေး နှင့် (၇)ကြိမ် မြောက် အာဆီယံ-အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး ကို အောက်တိုဘာ လ (၂၆)ရက်နေ့ နံနက်(၈)နာရီခွဲ အချိန်တွင် အလှည့်ကျ ဥက္ကဌ ဖြစ်သော လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် Virtual Conferencing စနစ်ဖြင့် ကျင်းပရာ အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံမှ လယ်ယာ စိုက်ပျိုးရေး နှင့်သစ်တောဆိုင်ရာ ဝန်ကြီး များ နှင့်အတူ မြန်မာ နိုင်ငံ မှ စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက် ကြသည်။

         (၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေး ၌ အာဆီယံ ထိပ်သီး အစည်းအဝေးများမှ ထွက်ပေါ်လာသော လမ်းညွှန် ချက်များ၊ အာဆီယံဒေသတွင်း၌ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍနှင့် စပ်လျဉ်း သည့် မူဝါဒဆိုင်ရာမူဘောင်များအား အကောင်အထည် ဖေါ် ဆောင်ရွက်နိုင်မှု အခြေအနေများ ကို ညှိနှိုင်း ဆွေးနွေး ခဲ့ကြပြီး (၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေး နှင့် သစ်တော ဆိုင်ရာ အဆင့်မြင့် အရာရှိ ကြီးများ ၏ အစီရင်ခံစာတွင်ပါရှိသော အာဆီယံ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် စားနပ် ရိက္ခာ ကဏ္ဍ၊ သီးနှံကဏ္ဍ၊ ငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ သုတေသန နှင့် ဖွံ့ဖြိုးရေး ကဏ္ဍနှင့် ၂၀၂၃ခုနှစ်တွင် အကောင်အထည် ဖေါ် ဆောင်ရွက် မည့် အဓိက လုပ်ငန်း စဉ် များကို အတည်ပြုခဲ့ကြ သည်။

          (၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေး တွင် စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေး ပြောကြား ရာတွင် အာဆီယံနိုင်ငံများရှိ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍများသည် ကိုဗစ် ၁၉ ကပ်ရောဂါ၊ နိုင်ငံ အချင်းချင်းအငြင်းပွားမှု၊ ရာသီဥတု ပြောင်းလဲ မှု နှင့် သဘာဝ အရင်းအမြစ်များ ပြုန်းတီးမှုတို့နှင့် ရင်ဆိုင်ကြုံတွေ့ နေရ သည့် အတွက် အာဟာရ ဓါတ် ပြည့်ဝပြီး ဘေးအန္တရာယ်  ကင်းရှင်း သော စားနပ် ရိက္ခာများ လုံလောက်စွာ ထုတ်လုပ် နိုင်ရေး အတွက်  စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးဆိုင်ရာ စနစ်များရှိ စီးပွားရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ကောင်းမွန် စွာ ပြန်လည် လည်ပတ်နိုင်ရန် ပိုမိုကြိုးပမ်း ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အချင်းချင်း စားနပ်ရိက္ခာ၊  စိုက်ပျိုးရေး နှင့် သစ်တောကဏ္ဍ အသီးသီးရှိ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများ၏ တိုးတက်မှု အခြေ အနေများအတွက် ကျေနပ်အားရမိပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးကို အခြေခံထားသည် နှင့်အညီ  မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်း ထုတ်ကုန်၏ ၂၃.%  ပြည်ပပို့ကုန်မှ ရရှိငွေ ၃၅ % နှင့် ကျေးလက်ဒေသရှိ လူဦးရေ ၇၀% တို့သည် လယ်ယာ လုပ်ငန်းများ တွင် ပါဝင် ဆောင်ရွက် လျက် ရှိပါကြောင်း၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီ သည်လည်း မြန်မာနိုင်ငံ ၏ စီးပွားရေး တိုးတက် ပြောင်းလဲ စေရေး အတွက် ခေတ်မီနည်းပညာများ အသုံးပြု၍ စိုက်ပျိုးရေး နှင့်မွေးမြူရေး ထုတ်လုပ်မှု စွမ်းအား ပိုမို တိုးမြင့် စေရေး ကို မူဝါဒချမှတ် ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ လယ်ယာကဏ္ဍသည် အမျိုးမျိုးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင် ကြုံတွေ့ နေရ သော်လည်း ထုတ်လုပ်မှု သိသိသာသာ လျော့နဲ ကျဆင်းမှုမရှိပဲ ထိခိုက်ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့သည့် အတွက် တန်ဖိုးကွင်းဆက် တစ်လျှောက်ရှိ ဆက်နွယ် ပါဝင် သူများ၏ အခက်အခဲများအပေါ် ကြံ့ကြံ့ ခိုင် ဆောင်ရွက် မှုကို ချီးကျူးသင့်ပါကြောင်းနှင့် အထူး သဖြင့် လယ်သမား များ ကို စားနပ်ရိက္ခာ ထုတ်လုပ်သည့် သူရဲကောင်းများအဖြစ် ခေါ်ယူထိုက် ပါကြောင်း၊

           ယင်းသို့ဆောင်ရွက်နိုင်မှုကြောင့် မြန်မာနိုင်ငံ ၏ လယ်ယာကဏ္ဍမှ ပြည်ပတင်ပို့မှု ကျဆင်းခဲ့ခြင်း မရှိပဲ ဆန်တန်ချိန် . သန်း ပဲမျိုးစုံ တန်ချိန် . ၈၇ သန်း ပြောင်းတန်ချိန် . သန်း နှမ်းတန်ချိန်  . သန်း နှင့် ရေထွက်ပစ္စည်း တန်ချိန် . သန်း တို့ကို တင်ပို့နိုင်ခဲ့ကြောင်း ထိုသို့ စားနပ်ရိက္ခာ ဖူလုံ ပိုလျှံစွာထုတ်လုပ်နိုင်မှုကြောင့် ဒေသတွင်း စားနပ် ရိက္ခာ နှင့် အာဟာရဓါတ်ဖူလုံရေးကို ဝိုင်းဝန်း ဖြည့်ဆည်း ပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ ဆောင်ရွက် နိုင်မှု သည် အစိုးရ နှင့် ပုဂ္ဂလိက ကဏ္ဍ()ခု၏ ဟန်ချက် ညီ ပူးပေါင်း ဆောင်ရွက် နိုင်မှုနှင့် နိုင်ငံတော် အစိုးရ၏ ထောက်ပံ့ကူညီပေးမှုကြောင့် ဖြစ်ပါကြောင်း၊ ဒေသတွင်း စားနပ်ရိက္ခာနှင့် အာဟာရ ဓါတ် ပြည့်ဝ ရေး နှင့် အန္တရာယ်ကင်းသော စားနပ်ရိက္ခာများ စားသုံး နိုင်ရေးအတွက် အာဆီယံ အဖွဲ့ဝင်များ အနေဖြင့် စားနပ်ရိက္ခာ ကွင်းဆက် တလျောက် သက်ဆိုင်သော ကုန်သွယ်မှု၊ သယ်ယူ ပို့ဆောင်မှုတို့တွင် ဆိုင်ရာလုပ်ငန်းများကိုလည်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် သွားရန် လိုအပ် ကြောင်း

          အာဆီယံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက် စေရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အထောက် အကူ ပေးလျက် ရှိသော ဆွေးနွေး ဖက်နိုင်ငံများ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့အစည်း များကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက် ၍ ပူးပေါင်း ဆောင်ရွက် သွားမည် ကိုလည်း ယုံကြည် မိပါကြောင်း နှင့် အစည်းအဝေး အား အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပခဲ့သော လာအိုပြည်သူ့ ဒီမိုကရက်တစ် နိုင်ငံနှင့် အစည်းအဝေး ဖြစ်မြောက်ရေးအတွက် လိုအပ်သည့်ဘက်မှ ပံ့ပိုး ဆောင်ရွက်ပေးသော အာဆီယံ အတွင်းရေးမှူးချုပ်ရုံးကိုလည်း ကျေးဇူး တင်ရှိ ပါကြောင်း ပြောကြားသည်။          အလားတူ (၂၂)ကြိမ်မြောက် အာဆီယံ အပေါင်း သုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေး ကို မွန်းလွဲ (၁)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ Ministry of Agriculture and Rural Affairs မှ Vice Minister ,  H.E. Mr. Ma Youxiang ၊ ဂျပန်နိုင်ငံ Ministry of Agriculture, Forestry and Fisheries မှ Minister , Mr. Tetsuro Nomura ၊ ကိုရီးယားသမ္မတနိုင်ငံ Ministry of Agriculture, Food and Rural Affairs မှ Deputy Minister , H.E Dr. Park Beom-su တို့ တက်ရောက်ကြပြီး အာဆီယံ အပေါင်းသုံး ထိပ်သီး အစည်း အဝေး မှ ချမှတ်ခဲ့သော လယ်ယာကဏ္ဍဆိုင်ရာ လမ်းညွှန် ချက်များ၊ အာဆီယံအပေါင်းသုံးနိုင်ငံများ အကြား စားနပ်ရိက္ခာ၊ စိုက်ပျိုးရေး နှင့် သစ်တောကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများ၏ တိုးတက်မှု အခြေအနေများ၊ အာဆီယံ အပေါင်းသုံး ဆန်အရန် ရိက္ခာထားရှိရေး သဘောတူညီ ချက် နှင့် အာဆီယံ စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ သတင်း အချက် အလက် စနစ် တို့၏ အကောင်အထည်ဖေါ် ဆောင်ရွက်မှု အခြေအနေများ နှင့် ရှေ့လုပ်ငန်း စဉ်များနှင့် စပ်လျဉ်း၍ လုပ်ငန်း အစီအစဉ်များ ကို ချမှတ်ပေးခဲ့ ကြပြီး အစည်းအဝေးဆိုင်ရာ ပူးတွဲ ကြေညာချက်တို့ကို သဘောတူခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ် အဖွဲ့ က ၂၀၂၂ခုနှစ်အတွင်း အကောင်အထည်ဖေါ် ဆောင်ဆောင်ရွက် ခဲ့သည့် အာဆီယံ အပေါင်းသုံး စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ လုပ်ငန်းစဉ် (၉)ခု၏ တိုးတက်မှု အခြေအနေများ အတွက် ဂုဏ်ယူ မိပါကြောင်းနှင့် အာဆီယံနိုင်ငံများရှိ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာများ ကူညီပံ့ပိုး ပေးလျက်ရှိသည့် အပေါင်းသုံးနိုင်ငံများ ဖြစ်ကြသော တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ ဂျပန် နိုင်ငံနှင့် ကိုရီးယား သမ္မတ နိုင်ငံ တို့အား ကျေးဇူး အထူးတင်ရှိ ပါကြောင်း၊ အာဆီယံ အပေါင်းသုံး ဆန်အရန် ရိက္ခာ ထားရှိရေး သဘောတူညီချက် ၏ Tier 3  ၂၀၂၂ ခုနှစ် အစီအစဉ် အရ ကိုရီးယား သမ္မတ နိုင်ငံမှ လှူဒါန်း သည့် ဆန်တန်ချိန် (၆၀၀)အား မြန်မာနိုင်ငံတွင် သိုလှောင် ရန် ကမ်းလှမ်းလာမှုအပေါ် ကြိုဆို ပါ ကြောင်း နှင့် ထိုသို့ ကမ်းလှမ်းလာမှုအတွက် ကိုရီးယား သမ္မတနိုင်ငံအစိုးရအား ကျေးဇူးတင်ရှိ ပါကြောင်းဆွေးနွေး ပြောကြားခဲ့သည်။

           (၇)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီး များ အဆင့် အစည်းအဝေး ကို ညနေ (၄) နာရီ အချိန် တွင် ကျင်းပ ရာ အာဆီယံ-အိန္ဒိယထိပ်သီး အစည်းအဝေး၊ အာဆီယံ – အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးများ ၏ အထူး အစည်းဝေး နှင့် အာဆီယံ-အိန္ဒိယစီးပွားရေး ဝန်ကြီးများ အစည်းအဝေးများမှ ထွက်ပေါ်လာသော လယ်ယာကဏ္ဍ ဆိုင်ရာ အချက်များ နှင့် အာဆီယံ-အိန္ဒိယ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နှင့် စပ်လျဉ်းသည့် အကောင်အထည် ဖေါ် ဆောင်ရွက်မှု အခြေအနေတို့ကို အခြေခံ၍ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အစည်းအဝေးတက်ရောက်လာကြသော ဝန်ကြီးများ က အကြံပြု ဆွေးနွေး ကြသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ဆွေးနွေး ပြောကြားရာ၌ ယခုနှစ်သည် အာဆီယံ-အိန္ဒိယ ပူးပေါင်း ဆောင်ရွက် မှု ၏ နှစ် (၃၀)ပြည့် အထိမ်းအမှတ်ဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ရေရှည်တည်တံ့ပြီး သဘာဝ နှင့် လိုက်လျောညီထွေရှိရုံ သာမက ရာသီ ဥတုဒဏ်ကိုကြံ့ကြံ့ခံနိုင်‌သာ  စိုက်ပျိုးရေး ဖြစ်ထွန်း လာစေရေးနှင့် မြေဆီလွှာ ရေရှည် တည်တံ့ စေရေး အတွက် စီမံခန့်ခွဲရေးလုပ်ငန်းများအား အဆင့်မြင့် အရာရှိကြီးများနှင့် လုပ်ငန်းအဖွဲ့အနေဖြင့် ပိုမို အားထုတ် ကြိုးပမ်းရန် တိုက်တွန်း လိုပါ ကြောင်း၊ အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့အကြား လယ်ယာ ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွင် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင် ပညာရှင်များ ပါဝင် ပူးပေါင်း ဆောင်ရွက်မှု သည် ပိုမို ထိရောက် ပြီး အကျိုးရှိမည် ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် (၇)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီး များ အဆင့်အစည်းအဝေး ၏ ထုတ်ပြန် ကြေညာ ချက်ကို အတည်ပြုခဲ့ကြကာ အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။