ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး  ဒေါက်တာအောင်သူ   စင်္ကာပူနိုင်ငံသံအမတ်ကြီး ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီက ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံဆိုင်ရာ စင်္ကာပူနိုင်ငံ သံအမတ်ကြီး H.E. Ms. Vanessa Chan ဦးဆောင်သည့် အဖွဲ့အား ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံ၍ တိရစ္ဆာန်ကျန်းမာရေး နှင့် မွေးမြူရေး လုပ်ငန်းတွင် အဆင့်မြင့်နည်းပညာအသုံးပြုရန် နှင့် စံနှုန်းများနှင့်ညီညွတ်သော လုပ်ငန်းသုံး ပစ္စည်းကိရိယာများ တပ်ဆင်အသုံးပြုရန် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ဆွေးနွေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ကျင့်သုံး ဆောင်ရွက်လျက်ရှိသော တင်ဒါ စည်းမျဉ်း စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာများ ကိုလည်းကောင်း ၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် Microchip Ear Tag အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊ စင်္ကာပူနိုင်ငံ မှ နည်းပညာကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍများတွင် ရင်းနှီး မြုပ်နှံမှုဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။