နိုင်ငံတော်အဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း သည့် ညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ် ၏ အမှာစကားမှ လယ်ယာကဏ္ဍဆိုင်ရာ လမ်းညွှန်အမှာစကား ကောက်နုတ်ချက်

ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ အမှာစကားမှ   လယ်ယာကဏ္ဍဆိုင်ရာ လမ်းညွှန်အမှာစကား ကောက်နုတ်ချက်

ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ ၈ ရက်  နေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တောင်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

(နိုင်ငံတော်ဝန်ကြီးချုပ် ၏ အမှာစကားမှ   လယ်ယာကဏ္ဍဆိုင်ရာ လမ်းညွှန်အမှာစကား ကောက်နုတ်ချက်)

စီးပွားရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကိုအခြေခံ သည့် ကုန်ထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင်တည် ဆောက်ပြီး အခြားကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် ရေး၊ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုများကိုဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေး ကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးစသည့် ဦးတည်ချက် သုံးရပ်ချမှတ် ထားကြောင်း။

မိမိတို့နိုင်ငံရှိလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည်ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အဓိကဆောင်ရွက်ကြကြောင်း၊ စီးပွားရေး လုပ်ငန်းတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည်အဓိကကျပြီး အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်း(SME)များနှင့် ဆက်စပ်လျက်ရှိကြောင်း၊ နိုင်ငံအတွင်း မြေပေါ်၊ မြေ အောက် သယံဇာတပစ္စည်းများ၊ စိုက်ပျိုးမြေများ၊ ရေသယံဇာတပစ္စည်းများ၊ စိုက်ပျိုး ရေများပေါများစွာရှိကြောင်း၊ လူဦးရေအားဖြင့် ၅၅ သန်းခန့်ရှိပြီး ၅၀ ရာခိုင်နှုန်း အထက်သည် အလုပ်လုပ်ကိုင်နိုင်ကြသူများဖြစ်ကြောင်း၊ သန်းခေါင်စာရင်းအရ နိုင်ငံ အတွင်း အလုပ်အကိုင် လုပ်ကိုင်နိုင်သူနှင့် အခွင့်အလမ်းများ များစွာရှိသည်ကို တွေ့ရှိရ ကြောင်း၊ လက်ရှိအချိန်တွင် အလုပ်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ် များကို အသုံးချရန်လိုအပ်သကဲ့သို့ နောင်မျိုးဆက်တွင် အလုပ်လုပ်ကိုင်မည့် လူငယ် များ၏ စွမ်းဆောင်ရည်များလည်း တိုးတက်လာရန်လိုအပ်သဖြင့် ပညာရေးတွင် KG + 9 ကိုအားပေးဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ထပ်မံ၍ နည်းပညာအရတိုးတက်မှုရှိ စေရေး ကောလိပ်များနှင့် တက္ကသိုလ်များတွင် သင်ကြား ပေးရမည်ဖြစ်ကြောင်း။

ခေတ်ကာလအခြေအနေအရ ယခုအခါ လူငယ်များသည် အလုပ်လုပ်ရင်း ပညာသင်သည့် အခြေအနေသို့ရောက်ရှိနေသဖြင့် ထည့်သွင်းစဉ်းစားရမည့် အချက် တစ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ အနည်းဆုံးအခြေခံ ပညာ အလယ်တန်းနှင့်အထက်ရရှိစေရန် မိမိတို့အစိုးရအနေဖြင့် ကြိုးပမ်း ဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာတတ်မြောက်မှုအပေါ်မူတည်၍ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆောင်ရွက်နိုင်မည့်သူများကို မွေးထုတ်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်း များသည် အလေးထားရမည့်ကဏ္ဍတွင်ရှိကြောင်း။

ပြီးခဲ့သည့် ၅ နှစ်ယခင်အစိုးရလက်ထက် ကုန်ထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့မှု အခြေအနေများကို စိစစ်ကြည့်ရာ ပြည်ပပို့ကုန်များကျဆင်းခဲ့သည်ကိုတွေ့ရှိရပြီး ၂၀၁၈ ခုနှစ်မှစ၍ မိမိတို့နိုင်ငံ၏ စီးပွားရေးမှာကျဆင်းလာခဲ့ကြောင်း၊ ဆန်သည် အဓိက ပို့ကုန်ဖြစ်ပြီး ထုတ်လုပ်မှုများကောင်းမွန်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ ၏ ပြည်ပပို့ကုန်တွင် စိုက်ပျိုးရေးထွက်ကုန်သည် အဓိကကျသဖြင့် စိုက်ပျိုးရေးလုပ်ငန်း များတိုး တက်စေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌများ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ကြစေလို ကြောင်း။

လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် စာသင်ကျောင်းများကို ယခင်နှစ်မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲများကိုလည်း ကျင်းပပေး နိုင်ခဲ့ကြောင်း၊ ယခုနှစ်ပညာသင်နှစ်တွင်လည်း ကျောင်းသားများအားလုံး ကျောင်း မပျက်ရန်နှင့် အမှန်တကယ် ပညာတတ်မြောက်စေရန်အတွက် သက်ဆိုင်ရာပညာရေး ဝန်ကြီးဌာနက ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ၂၀၂၃ ခုနှစ် ဇွန်လ တွင် ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ပြီး ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက် ရောက်နိုင်ရေးအတွက် ယခုအချိန်ကတည်းက အလေးထား ဆောင်ရွက် ပေးကြစေလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မူလတန်းအဆင့်အထိ ပညာမသင် မနေရဟု ပြဋ္ဌာန်းထားသော်လည်း မိမိတို့အစိုးရအနေဖြင့် KG + 9 အထိ သင်ကြားနိုင် ရေးနှင့် အခမဲ့သင်ကြားနိုင်ရေး ဆောင်ရွက်ပေးထားကြောင်း၊ သို့သော်အချို့သော ကျောင်းများတွင် အခကြေးငွေများကောက်ခံနေသည်ကို သိရှိရသဖြင့် သက်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့များက စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း။

အုပ်ချုပ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ခရိုင်များ ထပ်မံတိုးချဲ့ဖွဲ့စည်းပေးခဲ့ကြောင်း၊ အသစ်ထပ်မံဖွဲ့စည်းထားသည့် ခရိုင်ရုံး များ လုပ်ငန်းလည်ပတ်နိုင်ရေး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များအနေဖြင့် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေး ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍတို့သည့် နိုင်ငံတော်စွမ်းပကား ကိုမြှင့်တင် ပေးသည့် ကဏ္ဍများဖြစ်ကြောင်း၊ ခရိုင်အဆင့်တာဝန်ရှိသည့် ပုဂ္ဂိုလ်များအနေဖြင့် စနစ်တကျကြပ်မတ် ဆောင်ရွက်သွားမည်ဆိုပါက တိုးတက်မှုများဖြစ်ပေါ် လာမည်ဖြစ် ကြောင်း၊ ခရိုင် ၅၀ ရှိအခြေခံပညာ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ တွဲဖက်ဖွင့်လှစ်နိုင်ရေးစီမံ ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်ဖြစ်ကြောင်း၊ ထိုအထဲမှ ထူးချွန်သူများအနေဖြင့် စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံများနှင့် တက္ကသိုလ် များသို့ ဆက်လက် တက်ရောက်ကြရမည်ဖြစ်ကြောင်း၊ အခြားဝိဇ္ဇာသိပ္ပံ ပညာရပ်များသင်ကြား သည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း ပုံမှန်အတိုင်းဆက်လက်ပညာ သင်ကြားနိုင်မည်ဖြစ်ကြောင်း။

မိမိတို့တွင် နိုင်ငံတော်သာယာဝပြောရေးနှင့် နိုင်ငံတော်စားရေရိက္ခာပေါများရေး အမျိုးသားရေးပန်းတိုင် ၂ ရပ်ရှိကြောင်း၊ ဒုတိယအချက်ဖြစ်သည့် နိုင်ငံတော်စားရေ ရိက္ခာပေါများရေးနှင့်ပတ်သက်ပြီး မိမိတို့လုပ်နိုင်သည့် အချက်များစွာရှိကြောင်း၊ ပြည်တွင်းတွင် ဆန်၊ ပဲ၊ ပြောင်း သီးနှံများ ဖူလုံလျက်ရှိပြီး နိုင်ငံခြားသို့တင်ပို့နေ ကြောင်း၊ ဆီထွက် သီးနှံမြေပဲနှင့်နှမ်းများလည်း ပြည်ပသို့တင်ပို့နေရကြောင်း၊ သို့သော် လည်း ပြည်ပမှစားသုံးဆီများ တင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီအုန်း စိုက်ဧက ၄ သိန်းခန့်ရှိ သည်ဟု သိရှိရကြောင်း၊ သို့သော် အိမ်နီးချင်း နိုင်ငံများနှင့် ယှဉ်လျှင် ဆီအုန်းအထွက်နှုန်း အလွန်နည်းနေသည်ကို တွေ့ရှိရကြောင်း၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုသည် နိုင်ငံတကာနှင့် ယှဉ်ပါက နည်းနေသေးကြောင်း၊ ဆီထွက် သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်ဆောင်ရွက်သွားရန် လိုကြောင်း၊ သို့မှသာ ပြည်တွင်း ဆီဖူလုံမှု အထိုက်အလျောက် ရှိလာမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများ စိုက်ပျိုး ထုတ်လုပ်မှုကို သေသေချာချာ ထိထိရောက်ရောက် ဆောင်ရွက်မည်ဆိုပါကလာမည့် ၂၀၂၃ ခုနှစ် ဒုတိယရာသီ ဆီထွက်သီးနှံစိုက်ပျိုးပြီး ချိန်တွင် ဆီဖူလုံမှု အပြည့်အဝရရှိ လာနိုင်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း၊ ပြည်ပမှတင်သွင်းမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသ ကြီးတွင် ဆီဖူလုံမှုရှိအောင် ဆောင်ရွက်နိုင်ပြီး မွန်ပြည်နယ်သို့ အဓိကဖြည့်တင်းပေး ရန်လိုကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် လိုအပ်သည့် စားသုံး ဆီလိုအပ်ချက်ကို နေကြာ၊ နှမ်း၊ ပဲ၊ ပန်းနှမ်း၊ ပဲပုတ် ဆီတို့ဖြင့် ဖြည့်ဆည်းသွားနိုင် ကြောင်း။

စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ မိုးစပါးစိုက်ဧက ၁၅ သန်းနှင့် နွေစပါး စိုက်ဧက ၃ သန်းခန့်ရှိကြောင်း၊ စိုက်ဧက ၁၇ သန်းကျော်ရှိသော်လည်း နွေစပါး၊ မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုသည် ရည်မှန်းချက် မပြည့်မီသေးကြောင်း၊ စိုက်ဧက၊ ပြည်ပပို့သည့် ဆန်နှင့် လက်ကျန်ရှိသည့်ဆန်ကို ရာသီအလိုက် ချိန်ဆရာတွင် အလျှံပယ်ပိုခြင်း မရှိ သည်ကို တွေ့ရကြောင်း၊ သတိထားရမည့် အခြေအနေမျိုးရှိကြောင်း၊ မိုးစပါးကို တစ်ဧက ၇၅ တင်းခန့်ထွက်မည်ဟု ခန့်မှန်းထားကြောင်း၊ ပထမအဆင့်အနေဖြင့် မိုးစပါးကို တစ်ဧက ပျမ်းမျှတင်း ၈၀ ခန့်ထွက်ရှိအောင် ဆောင်ရွက်မည်ဆိုပါက စပါးတင်း ၇၅ သန်းခန့်ပိုမိုထွက်ရှိလာမည်ဖြစ်ကြောင်း၊ အလားတူ နွေစပါးကို တစ်ဧက တင်း ၉၀ ခန့်ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ပထမအဆင့် တစ်ဧက ၉၅ တင်းခန့် ထွက်ရှိအောင် ဆောင်ရွက်မည်ဆိုပါက စပါးတင်း ၁၅ သန်းခန့်ပိုမို ထွက်ရှိလာမည် ဖြစ်ကြောင်း၊ နွေးစပါး၊ မိုးစပါးနှစ်ခုပေါင်းပါက စပါးတင်း စုစုပေါင်း ၉၀ သန်းခန့် ပိုမိုလာမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝင်ငွေ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ ရည်မှန်း ချက်ပန်းတိုင်များ ချမှတ်ပြီး အသေအချာ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများနှင့် အထွက်နှုန်းကို မှန်မှန်ကန်ကန် ဖြစ်အောင် အလေးထား ဆောင်ရွက်သွားကြရန်လည်းလိုကြောင်း၊ အစိုးရပိုင်းအနေဖြင့် သွင်းအား စုများဖြစ်သည့် မြေဩဇာ၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေများ ရရှိရေးအတွက် မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

နွေရာသီတွင် ရေလုံလောက်စွာရရှိရေးအတွက် ရေသိုလှောင်သည့်စနစ်၊ မြေ အောက်ရေကို စနစ်တကျ သုံးစွဲသည့်စနစ်တို့ဖြင့် အကျိုးရှိရှိ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်လာပါက အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိလာမည်ကြောင်း၊ ထို့ပြင်သုံးစွဲမှုနှင့် ဝယ်လို အား တက်လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝပါ တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်း ဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ကျေးလက်ကိုအခြေခံပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် အလေးထားဆောင်ရွက်ကြစေ လိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ အသားစား ကြက်၊ ဝက် မွေးမြူရေးလုပ်ငန်း များသည် အချိန်တိုအတွင်း ငွေပြန်ပေါ်နိုင်သည့် လုပ်ငန်းများဖြစ်သည့်အတွက် မတည်အရင်းအနှီးများ ကူညီထောက်ပံ့ပေးသွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်များ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံသည့် ဖွံ့ဖြိုးရေးလုပ်ငန်း များကို အဓိကဆောင်ရွက်ကြရန်လိုကြောင်း၊ ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာမည် ဖြစ်ကြောင်း။

(၉-၈-၂၀၂၂ ထုတ်  နိုင်ငံပိုင်သတင်းစာများမှ  ကောက်နုတ်တင်ပြသည်)