ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး  ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မိုးရာသီဌာနပေါင်းစုံ အမျိုးသား ဘောလုံးအားကစား ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မိုးရာသီ ဌာနပေါင်းစုံ အမျိုးသား ဘောလုံး အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဇူလိုင်လ(၂၉)ရက်နေ့ ညနေပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်း ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဘောလုံး အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေး မှူးချုပ်များ ၊ ပါမောက္ခချုပ်များ နှင့် ဝန်ထမ်းများ၊ ဦးစီးဌာနများနှင့် တက္ကသိုလ်ကိုယ်စားပြု ဘောလုံး အားကစားသမား နိုင်ငံဝန်ထမ်းများတက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ပရိတ်သတ်များသည် စိုက်ပျိုးရေး ဦးစီးဌာန အသင်း နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အသင်း တို့၏ ဗိုလ်လု ယှဉ်ပြိုင်ကစားပွဲ ကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်များ ၊ ပါမောက္ခချုပ်များ က ဒုတိယဆုရ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေး ဦးစီးဌာန အသင်း နှင့် တတိယဆုရ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီး ဌာန အသင်းတို့ကို လည်းကောင်း၊ ဂိုးသွင်းအများဆုံးဆု နှင့် အကောင်းဆုံးအားကစားသမားဆုများကို လည်းကောင်း အသီးသီးပေးအပ်ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး က ပထမဆုရ စိုက်ပျိုးရေး ဦးစီးဌာန အသင်း အား ပထမ ဆုဖလား နှင့် တစ်ဦးချင်းဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။