ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၏ ၂၀၂၂ ခုနှစ် မိုးရာသီ ဌာနပေါင်းစုံ ဘောလုံးအားကစား ပြိုင်ပွဲ ဖွင့်လှစ်

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ၂၀၂၂ ခုနှစ် မိုးရာသီ ဌာနပေါင်းစုံဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၂၀)ရက်နေ့ မွန်းလွဲပိုင်း က စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဘောလုံးအားကစားကွင်း ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ဌာနအသီးသီးမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က အားကစားပြိုင်ပွဲများ ကျင်းပ ပေးရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ၏ ၂၀၂၂ ခုနှစ် မိုးရာသီ ဌာနပေါင်းစုံဘောလုံးအားကစားပြိုင်ပွဲ ကို ဖွင့်လှစ်ပေးသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကိုယ်စားပြု ဘောလုံး အသင်းများ၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးတက္ကသိုလ် ဘောလုံး အားကစားကွင်း ၌ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ကိုယ်စားပြု ဘောလုံးအသင်းနှင့် စိုက်ပျိုးရေး တက္ကသိုလ် ကိုယ်စားပြု ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

     စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် နိုင်ငံဝန်ထမ်းများ၏ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေး၊ စိတ်အပန်းပြေ စေရေး နှင့် ဦးစီးဌာနများရှိဝန်ထမ်းများ အကြား ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေသဖြင့် လုပ်ငန်းများသွက်လက်အောင်မြင်စေရေး တို့အတွက် မိမိနှစ်သက်ရာ အားကစားနည်းများတွင် ပါဝင်ဆင်နွှဲနိုင်ကြစေရန် ယခု ကျင်းပပြုလုပ် သည့် ဘောလုံးပွဲ အပါအဝင် ဖူဆယ်ဘောလုံး၊ ကြက်တောင်ရိုက်၊ ဘောလီဘော၊ စားပွဲတင်တင်းနစ်၊ ရေကူး၊ ပိုက်ကျော်ခြင်း အစရှိသည့် အားကစားပွဲများကို ကျင်းပပေးလျက်ရှိကြောင်း၊ အဆိုပါအားကစားပွဲများတွင် ထူးချွန်သူများပေါ်ထွက် လာပါက ဝန်ကြီးဌာနကိုယ်စားပြုပြိုင်ပွဲများ မှတဆင့် လက်ရွေးစင်သမားများ အဖြစ် ဆက်လက်ကြိုးစားနိုင်ရန် ပြုစုပျိုးထောင်အားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။