သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ငါးလုပ်ငန်းဦးစီးဌာန၏ အလုပ်သင်(နေ့စား) ဝန်ထမ်းများ အတွက် လုပ်ငန်းခွင်ဝင် သင်တန်းဖွင့်လှစ်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတွင် တာဝန်ထမ်း ဆောင်လျက်ရှိသော အလုပ်သင်(နေ့စား) ဝန်ထမ်းများအနေဖြင့် မိမိဌာနက ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းတာဝန်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေး နှင့် လုပ်ငန်း စွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန် ရည်ရွယ်  လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားများကို ဇွန်လ (၆)ရက်နေ့ နံနက် (၉) နာရီတွင် ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူးရုံးများတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။

သင်တန်းတွင် ငါးလုပ်ငန်းများနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ရုံးလုပ်ငန်း ဆိုင်ရာများ၊ ငွေစာရင်းပိုင်းဆိုင်ရာများ၊ ဒေသအလိုက်ဆောင်ရွက်လျက်ရှိသည့် ငါးလုပ်ငန်း ဖွံ့ဖြိုးရေး ဆိုင်ရာများကို စနစ်တကျ ပိုမိုသိရှိလာနိုင်စေရန်အတွက် နေပြည်တော် နှင့် တိုင်းဒေသကြီး၊ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန အသီးသီးမှာ (၅)ရက် ကြာပို့ချပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် ငါးလုပ်ငန်းဆိုင်ရာသိသင့်သိထိုက် တဲ့ အကြောင်း အရာများကို လေ့လာသင်ယူခွင့်ရရှိမှာဖြစ်ကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနတွင် ငါးလုပ်ငန်း သင်တန်း ကျောင်း (၆)ခု ရှိပြီး ငါးလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုနှင့် နည်းပညာသင်တန်းများ ၊ စွမ်းဆောင်ရည် မြှင့်တင်ရေး နှင့် လုပ်ငန်း ကျွမ်းကျင်မှု သင်တန်းများကို ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် က ပြောသည်။

အလုပ်သင်(နေ့စား)ဝန်ထမ်းများ လုပ်ငန်းခွင်ဝင်သင်တန်းကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး ပြည်နယ်များ၌ ဇွန် ၆ ရက် နေ့ မှ ၁၀ ရက်နေ့အထိ တစ်ပြိုင်တည်း ဖွင့်လှစ်ပို့ချဆွေးနွေးလျက်ရှိပြီး သင်တန်းသား သင်တန်းသူ (၁၆၃)ဦး တက်ရောက် လေ့လာလျက် ရှိကြောင်း သတင်းရရှိသည်။