ဆည်-ရေကဏ္ဍ သတင်းကဏ္ဍ

စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုဇီးတောဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆည်ရေသောက်စနစ်များ ရေရှည် တည်တံ့ပြီး အကျိုးပြုနိုင်စေရေး အတွက် ပြန်လည်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေဖြင့်လည်းကောင်းဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများ၏ ချေးငွေ  ထောက်ပံ့ငွေ အကူအညီများရယူ၍လည်းကောင်း လျာထား စီမံ ဆောင်ရွက်လျက်ရှိရာ ​​ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆည်ရေသောက်စနစ်များ ရေရှည် တည်တံ့ပြီး အကျိုးပြုနိုင်စေရေး အတွက် ပြန်လည်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို နိုင်ငံတော် ဘဏ္ဍာ ရန်ပုံငွေဖြင့်လည်းကောင်း ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများ ၏ ချေးငွေ  ထောက်ပံ့ငွေ အကူအညီများရယူ၍လည်းကောင်း လျာထား စီမံ ဆောင်ရွက်လျက် ရှိရာ ကမ္ဘာ့ဘဏ် ချေးငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အထောက် အကူပြု စီမံကိန်း(Agriculture Development Support Project- ADSP) ခေါင်းစဉ် အောက်မှ စစ်ကိုင်း ပဲခူးမန္တလေးတိုင်းဒေသကြီးများနှင့် နေပြည်တော်ပြည်ထောင်စုနယ်မြေတို့ရှိ ဆည်ရေသောက် ဧရိယာ (၈)ခုတွင် ရေသောက်စနစ်စီမံခန့်ခွဲမှု ပိုမို ကောင်းမွန်စေရေး အတွက် အဆင့်မြှင့်တင်ပြုပြင်ခြင်းဆည်မြောင်းစနစ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ဌာနနှင့်အတူ ပူးပေါင်းစီမံဆောင်ရွက်နိုင်မည့် ရေအသုံး ပြုသူအဖွဲ့များ ခိုင်မာစွာ ဖွဲ့စည်း ဆောင်ရွက်စေခြင်းသက်ဆိုင်ရာဝန်ထမ်းများနှင့်အတူ ဆည်ရေသောက လယ်သမားများအား ဆည်ရေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များတွင် စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းစဉ်များကို ထည့်သွင်း လျာထား ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန မှ ဦးဆောင်စိုက်ပျိုးရေးသုတေသနဦးစီးဌာနစိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနနှင့်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့က ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်

အထက်ပါစီမံကိန်း(၈)ခုတွင် (၁)ခုအပါအဝင်ဖြစ်သည့်မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် နှင့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဇီးတောရေလွှဲဆည် နှင့် ရေသောက်စနစ်တို့မှာ တည်ဆောက် ပြီးစီး ခဲ့သည့် သက်တမ်းအားဖြင့် နှစ်ပေါင်း (၉၅) နှစ်ခန့်ကြာမြင့်ပြီဖြစ်၍ နှစ်ကာလ ကြာရှည်စွာ အသုံးပြုပြီး ဖြစ်ရာ ရေပေးတူးမြောင်းများနှင့် တူးမြောင်းအဆောက်အအုံများမှာ ယိုယွင်း ပျက်စီးကာ စိစစ်ပြီး ဆည်ရေသောက်ဧရိယာ(၂၄၇၅၀) ဧကခန့်ကို ပြည့်မီအောင်စိုက်ပျိုး နိုင်သည့်အခြေအနေမရှိတော့ပေ

လက်ရှိရေပေးဝေနေသော တူးမြောင်းများမှာ သဲနုန်းဆန်သော မြေသားမြောင်းများ ဖြစ်သဖြင့် လည်းကောင်း နှစ်ကာလကြာမြင့်ပြီ ဖြစ်သောကြောင့်လည်းကောင်း ဒီဇိုင်းပုံစံကျ မရှိတော့ သဖြင့် မြောင်းဆုံးမြောင်းဖျား ရေရောက်ရှိရန် ခက်ခဲလျက် ရှိသောကြောင့် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ပြီး တူးမြောင်းပုံစံကျပြုပြင်ရန်လိုအပ်လျက်ရှိပါသည်

​​ထို့ပြင် တူးမြောင်းရေပေးအဆောက်အအုံများမှာလည်း ယိုယွင်းပျက်စီးလျက်ရှိပြီး ရေပေးဝေရေး ကို စနစ်တကျ ထိန်းချုပ်နိုင်သည့် ရေတံခါးရွက်များမရှိသောကြောင့် ဆည်ရေကို ရေလှည့် စနစ် ဖြင့် စီမံခန့်ခွဲပေးဝေဆောင်ရွက်ရာတွင် ထိရောက်ကောင်းမွန်စွာ ထိန်းညှိဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ပြည်လည်ပြုပြင်တည်ဆောက်နိုင်ရန် လိုအပ်လျက်ရှိပါသည် မိုးနည်းရေရှား ဒေသ အတွင်း တည်ရှိသည့်အတွက် စိုက်ပျိုးရေ အပြင် သောက်သုံးရေ အတွက်ပါ အကျိုးပြုနိုင်စွမ်း ကြီးမား သော ဆည်ရေသောက်စနစ် တစ်ခု ဖြစ်သည့် အတွက် ရေရှည်တည်တံ့ ပြီး အကျိုးပြု နိုင်စေရန် ဦးစားပေး ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်

          စီမံကိန်းလုပ်ငန်းများကိုယခု(၂၀၁၉-၂၀၂၀) ခုဘဏ္ဍာနှစ်မှ (၂၀၂၀-၂၀၂၁)ခုဘဏ္ဍာနှစ်အထိ လျာထား ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းပြီးစီးပါက စိစစ်ပြီး ဆည်ရေသောက်ဧရိယာ (၂၄၇၅၀) ဧက ခန့်ကို ပြည့်မီစွာ စိုက်ပျိုးရေပေးဝေနိုင်တော့မည်ဖြစ်ကြောင်းသိရသည်

​​