ပြည်ထောင်စုအဆင့်သတင်း

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကမ္ဘာ့ဘဏ် Social Development ဆိုင်ရာ Global Director နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ။

       စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ကမ္ဘာ့ဘဏ်မှ Social Development ဆိုင်ရာ Global Director ဖြစ်သူ Ms. Louise Cord ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျေးလက်လူထုအခြေပြု လုပ်ငန်းများတွင် ပူး‌ပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ လူထုဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူထုအခြေခံသော သဘာဝဘေးအန္တရာယ် တုံ့ပြန်ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံသားများ၏ ပါဝင်မှုနှင့် တာဝန်ခံ ဆောင်ရွက်မှုများ၊ ကျားမရေးရာ ကိစ္စရပ်များနှင့် လူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး စီမံ ကိန်းများတွင် ညှိနှိုင်းဆောင်ရွက်နေမှုများ၊ လူထုဗဟိုပြုစီမံကိန်းအား  မြို့နယ် (၆၃)မြို့နယ်အား အကောင်အထည်ဖော်လျှက်ရှီရာ (၂၇)မြို့နယ်တွင် စီမံကိန်းစက်ဝန်း (၄)နှစ် ပြီးစီးပြီးဖြစ်ပြီး ကျန်း စီမံကိန်း မြို့နယ် (၃၆)မြို့နယ်တို့တွင် စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုများ လူထုဗဟိုပြု စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ကျေးလက် လူနေမှုအဆင့်အတန်းမြင့်မားလာမှုနှင့် အကျိုးစီးပွားဖြစ်ထွန်းလာနေမှုများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်နိုင်မှုအခြေအနေများ၊ ကျေးလက်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်း၊ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများကို လူထုဗဟိုပြု စီမံကိန်း ဆောင်ရွက် သည့် အတွေ့အကြုံပေါ် အခြေခံပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍများတွင် လည်း ပူးပေါင်း ဆောင်ရွက်သွားရန် ၊ ဆက်လက်ဆောင်ရွက်မည့် Peaceful and Prosperous Communities Project – PPCP စီမံကိန်း နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင်  တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သည်နှင့် လျော်ညီစွာ မည်သူတစ်ဦးတစ်ယောက်မျှနောက် မကျန်ရစ် စေရေး ၊ ငြိမ်းချမ်းရေး ရယူထားသော ဒေသများအတွက် အသက်မွေး ဝမ်းကျောင်း လုပ်ငန်း ဆိုင်ရာအခွင့်အရေးများ ပိုမိုရရှိစေရေးဆိုင်ရာ ကိစ္စရပ်များအား ဆေွးနွေး ခဲ့ကြကြောင်း သတင်း ရရှိသည်။