ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ ဒသမအကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲကို “ရော်ဘာတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့်ကျင်းပ

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် နိုင်ငံဝန်ထမ်းများအကြား နည်းပညာ နှင့် အတွေးအခေါ် အသစ်အဆန်းများရရှိစေရန်၊ တစ်ဦးချင်း၏ လေ့လာမှတ်သားထားရှိချက်များအား မျှဝေဖလှယ်နိုင်ရန် ကဏ္ဍအလိုက် ခေါင်းစဉ်များ သတ်မှတ်၍ လစဉ် ပထမပတ် ဗုဒ္ဓဟူးနေ့တွင် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပခဲ့ရာ “ရော်ဘာတန်ဖိုး ကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ယနေ့ကျင်းပသည့် ဒသမအကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲ သို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။

စကားဝိုင်းဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ၊ ပြည်နယ် တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေး က အစီအစဉ်မှူးအဖြစ်ဆောင်ရွက်ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်သူ က ရော်ဘာကဏ္ဍတွင် ပါဝင်ပတ်သက်သူများ၏ အခန်းကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်များ၊ ရော်ဘာဘုတ် တည်ထောင်နိုင်မှု၊ ရော်ဘာဥပဒေ ရေးဆွဲမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်ဌေး က ရော်ဘာပြုပြင် ထုတ်လုပ်ခြင်း ကဏ္ဍ တွင် အားနည်းချက်များ နှင့်လိုအပ်ချက်များ၊ ရော်ဘာသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ ကိုလည်းကောင်း၊ ဦးစီးအရာရှိ  ဦးသူရကျော် က ခေတ်အဆက်ဆက် ပြည်တွင်းရော်ဘာထုတ်လုပ်မှု တင်ပို့ရောင်းချမှုအခြေအနေ နှင့် အရည်အသွေးပိုင်းကို အဓိကထား လုပ်ဆောင်မှုအခြေအနေများ ၊  ဦးစီးအရာရှိ ဒေါ်သန္တာမိုး က ယနေ့ခေတ်တွင် မော်တော်ယာဉ် ထုတ်လုပ် သုံးစွဲမှု များပြားလာသည်နှင့်အမျှ ကမ္ဘာ့ရော်ဘာသုံးစွဲမှုအခြေအနေ၊ ကမ္ဘာ့ရော်ဘာဈေးကွက် အလားအလာနှင့် မြန်မာ့ရော်ဘာ ဈေးကွက်အခြေအနေ၊ ဈေးကွက်စီးဆင်းရာတစ်လျောက်တွင် အားနည်းချက်များနှင့် လိုအပ်ချက်ဆိုင်ရာများကို ဆွေးနွေးကြပြီး အခမ်းအနား တက်ရောက် လာကြသူများ၏ မေးမြန်းချက်များအပေါ် ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။