ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

             မြေယာများကို အကျိုးရှိရှိ အသုံးချနိုင်ရန် နှင့် စိုက်ပျိုးမြေများ ပေါ်တွင် သီးနှံစိုက်ပျိုးရေး နှင့် မွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှု စွမ်းအား တိုးတက်လာစေရန် စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ လယ်ယာသုံး စက်ကိရိယာများ နှင့် သွင်းအားစုပစ္စည်းများ အသုံးပြုနိုင်ရေး လုပ်ငန်းများကို ဘက်စုံကဏ္ဍစုံမှ အလေးထား ဆောင်ရွက်လျက်ရှိကြောင်း မေလ (၃၁)ရက်နေ့ မွန်းလွဲပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်သည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ (၆) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားသည်။

            လုပ်ငန်းညှိနှိုင်း အစည်းအဝေး သို့ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဝင်များစုံညီစွာတက်ရောက်ကြပြီး အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ရမည့် ကိစ္စရပ်များအား ဖတ်ကြားတင်ပြရာ အစည်းအဝေး တက်ရောက် လာကြ သူများက လုပ်ငန်းအကြောင်းအရာ တစ်ခုချင်း အလိုက် ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အနေဖြင့် နိုင်ငံတော် က ချမှတ်ထားသော မြေယာ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် နှင့် နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးမြေများ မလျော့ပါးစေရန် စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူများအတွက်အကျိုး အတွက် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသုံးပြု ခဲ့သော လယ်ယာမြေများအတွက် မူလ ပိုင်ရှင် တောင်သူများ နှင့် မြေရှင်များ နစ်နာမှု မရှိ စေရန် တည်ဆဲ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာ ဘဏ္ဍာနှစ် အလိုက် လျော်ကြေး၊ နစ်နာ ကြေးများကို အချိန်မီပေးလျော်နိုင်ရန်ကိစ္စရပ်များ၊ လယ်ယာမြေ ကို အခြားလုပ်ငန်းများ ဆောင်ရွက်ရန် တင်ပြ လာသော ကိစ္စရပ်များ၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၂၈ ပုဒ်မခွဲ (က) နှင့်အညီ လယ်ယာမြေကို အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးခွင့် လျှောက်ထား လာသောကိစ္စရပ်များ အပါအဝင် လယ်ယာမြေ နှင့် သက်ဆိုင်သော ကိစ္စရပ်များ အား တည်ဆဲဥပဒေများနှင့်အညီ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်တို့က စိစစ်တင်ပြလာသော ဆွေးနွေးဆုံးဖြတ်ရန် ကိစ္စရပ်များကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများ ပါဝင်ဖွဲ့စည်းထားသည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ အစည်းအဝေးများ ကို ပုံမှန်ကျင်းပခဲ့ရာ ယနေ့အစည်းအဝေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် (၆) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။