ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နှစ်သစ်ဦး မဟာသင်္ကြန်အကြို ပျော်ပွဲ ရွှင်ပွဲကျင်းပ

 

မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များတွင် အဦးဆုံးဖြစ်သော သင်္ကြန်ပွဲတော် ကို ကြိုဆိုသောအားဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ထမ်းများ၏ မဟာသင်္ကြန်အကြို ပျော်ပွဲ ရွှင်ပွဲ ကို ဧပြီလ(၈)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၅) ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ရာ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ မှ နိုင်ငံဝန်ထမ်းများ က တပျော်တပါး ပါဝင် ဆင်နွဲခဲ့ကြသည်။

တနှစ်တာကာလအတွင်း နိုင်ငံတာဝန်ထမ်းဆောင်ခဲ့သည့် ပင်ပန်းနွမ်းနယ်မှုများ ပပျောက်ကြစေရန်၊ နှစ်သစ်တွင် တက်ကြွပျော်ရွှင်စွာ နိုင်ငံအကျိုး ဆတက်ထမ်းပိုး စွမ်းဆောင် နိုင်ကြစေရန် ရည်ရွယ်ကျင်းပသည့် မဟာသင်္ကြန်အကြို ပျော်ပွဲ ရွှင်ပွဲ သို့  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် အရာထမ်း အမှုထမ်းများ ပါဝင်ဆင်နွဲခဲ့ကြပြီး ဌာနများ အလိုက် ဧည့်ခံ ကျွေးမွေး ကြသည့် မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများ ကို ပျော်ရွှင်စွာ သုံးဆောင်ကြရာ ဦးစီးဌာနများ တက္ကသိုလ်များ ၏ ကိုယ်စားပြု အဖွဲ့များက အကပဒေသာများ ဖြင့် ဧည့်ခံဖျော်ဖြေ ခဲ့ကြသည်။

အခမ်းအနားတွင် အတာရေများ အပြန်အလှန် ပက်ဖြန်းခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက ဦးစီးဌာနများ တက္ကသိုလ်များ၏ ကိုယ်စားပြု အကအဖွဲ့များအား အမှတ်တရ ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။