သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အာဆီယံ အစားအစာနှင့်တိရစ္ဆာန်အစာဘေးကင်းလုံခြုံရေးဆိုင်ရာ လျင်မြန်စွာလှုံဆော်မှုစနစ်         (၉)ကြိမ်မြောက် National Contact Points နှင့် (၇)ကြိမ်မြောက် Steering Committee အစည်းအဝေးများ အား Online စနစ်ဖြင့် မြန်မာ နိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပ

 

အာဆီယံ အစားအစာနှင့် တိရစ္ဆာန် အစာဘေးကင်းလုံခြုံရေးဆိုင်ရာ လျင်မြန်စွာ လှုံ့ဆော်မှုစနစ် National Contact Points နှင့် Steering Committee အစည်းအဝေးများ  ကို ASEAN အဖွဲ့ဝင်နိုင်ငံများက အက္ခရာစဉ်အတိုင်း နှစ်စဉ် အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပဆောင်ရွက်လျက်ရှိရာ (၉)ကြိမ်မြောက် National Contact Points နှင့် (၇)ကြိမ်မြောက် Steering Committee အစည်းအဝေးများ ကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ်ဆောင်ရွက်ပြီး ဧပြီလ (၄) ရက် နှင့် (၅)ရက် နေ့များတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ သည်။

ယခုကျင်းပသည့် အာဆီယံ အစားအစာနှင့် တိရစ္ဆာန် အစာဘေးကင်းလုံခြုံရေးဆိုင်ရာ လျင်မြန်စွာလှုံဆော်မှုစနစ်(၉)ကြိမ်မြောက် National Contact Points နှင့် (၇)ကြိမ်မြောက် Steering Committee အစည်းအဝေးများ တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အစားအစာ ဘေးအန္တရာယ်ကင်းရှင်းစေရေးဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ခြင်း၊ ညွှန်ကြား ချက်များ ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်း သည့် အာဆီယံအစားအစာ နှင့် တိရစ္ဆာန်အစာ ဘေးကင်း လုံခြုံရေးဆိုင်ရာ လျင်မြန်စွာလှုံ ဆော်မှုစနစ်(ASEAN Rapid Alert System for Food and Feed-ARASFF)ဆိုင်ရာ လက်ရှိ ဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည် က အစည်းအဝေး သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကာ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေဦးစီးဌာန နှင့် စားသုံးသူရေးရာ ဦးစီးဌာန တို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး အစားအစာဘေးကင်းရေး ပူးပေါင်းဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများအသီးသီးမှ လုပ်ငန်းရပ်များနှင့် အစားအစာ ဘေးကင်ရေးဆိုင်ရာ အလျှင်အမြန်သတိပေးသည့်ကိစ္စရပ်များ ထည့်သွင်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။