စိုက်-မွေးသုတ သုတေသန ဦးစီးဌာနသတင်းများ

စိုက်သုမြေမှသန္ဓေတည် လာသည့် နေကြာသီးနှံ သုတေသနရလာဒ်များမှသည် တောင်သူအများ ဝင်ငွေတိုးတက်ရေးဆီ

နေကြာသီးနှံသည် ကမ္ဘာ့စားသုံးဆီ အများဆုံး ထုတ်လုပ်နိုင်သောသီးနှံများတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။နေကြာ၏ မူရင်းဒေသသည် မြောက်အမေရိက တိုက် ဖြစ်သည်။ နေကြာပင်သည် စုပေါင်းမျိုးရင်း Asteraceae တွင် ပါဝင်ပြီး ကမ္ဘာအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ နေကြာကို အင်္ဂလိပ်အမည် Sunflower ခေါ်ပြီး လက်ရှိစိုက်ပျိုးနေသော Helianthus annuus မျိုးစိတ်ဖြစ်သည်။ 

Helius ဂရိဘာသာစကားပြီး နေဟု အဓိပ္ပါယ်ရပြီးanthos သည် ပန်းဟု အဓိပ္ပယ်ရသည်။ နေကြာဟု အမည်တွင်ခြင်းမှာ နေသွားရာ လမ်း အတိုင်းလှည့်ပတ်သည့်သတ္တိ Heliotropism ရှိခြင်းကြောင့် ဖြစ်သည်။ အပင်များသည် နေ့အခါတွင် အရှေ့ဘက်မှ အနောက်ဖက်သို့ လှည့်သွားပြီး ၁၈၀ ဒီဂရီ လှည့်လည်သွားပြီး နောက် အနောက်ဖက်မှ အရှေ့ဘက်သို့ပြန်လှည့်သွားသည်။ နေကြာသီးနှံသည် ပင်ကိုယ် သဘာဝအားဖြင့် သမပိုင်းဇုန်သီးနှံဖြစ်သော်လည်း သမအနွေးပိုင်း ဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးကြသည်။ နေကြာသီးနှံကို  တောင်လတ္တီတွဒ် (၄၀) နှင့် (၅၀)ဒီဂရီအတွင်း စိုက်ပျိုးနိုင်သည်။ သို့သော်မြောက်လတ္တီတွဒ် (၂၀) နှင့် (၅၀) ဒီဂရီအတွင်း၌ ပိုမိုဖြစ် ထွန်း သည်။ အမြင့် မီတာ ၂၅၀၀ အထိ ဖြစ်ထွန်းသော်လည်း မီတာ(၁၅၀၀) အောက် စိုက်ပျိုး ပါက ဆီထွက်နှုန်း ပိုမိုများသည်။ နေကြာသည် အပူချိန်(၂၀၂၅)ဒီဂရီစင်တီဂရိတ် အတွင်း ကောင်းစွာဖြစ်ထွန်းသည်။ အနိမ့်ဆုံး ()ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံး (၃၄) ဒီဂရီ စင်တီ ဂရိတ်အထိ အထွက်နှုန်းသိသာစွာ မထိခိုက်ဘဲ ပေါက်ရောက်နိုင်သည်။ အပူချိန် မြင့်လျှင် ရင့်မှည့်မှုမြန်ပြီး သက်တမ်းတိုသွားသည်။ အပူချိန်မြင့်မားလျှင် အစေ့တွင် ဆီပါဝင်မှု နှင့် ဆီအရည်အသွေးကိုထိခိုက်သည်။ ယေဘုယျအားဖြင့် ပန်းပွင့်ချိန်တွင် အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ် အထက်ရှိပါက အစေ့အထွက်နှုန်းနှင့် ဆီပါဝင်မှုကို လျော့နည်းစေသည်။ မိုးရေချိန် (၃၀၀) မီလီမီတာ ရွာလျှင် သင့်တင့်သောအထွက်နှုန်းကို ရနိုင်သည်။ မိုးရေချိန် (၅၀၀) နှင့် (၇၅၀) မီလီမီတာ အတွင်း အပင်ကြီးထွားဆဲကာလ၌ ညီညာမျှတစွာ ရွာသွန်းပြီးပန်းပွင့်ချိန်တွင် မိုးမရွာလျှင် အထွက်နှုန်း အမြင့်မားဆုံးရနိုင်သည်။ နေကြာပင်ကို သဲနုန်း မြေစေးတွင်၊ နုန်းမြေနှင့်သဲနုန်းတို့တွင် စိုက်ပျိုးပါက အထူးသန်စွမ်း ကောင်းမွန်ပါသည်။ မြေချဉ်ငံဓါတ် တို့သည် နေကြာစိုက်ပျိုးရန်အသင့်တော်ဆုံး ဖြစ်သည်။

နေကြာသီးနှံ တွင် အဓိကအားဖြင့် အစေ့စားနေကြာနှင့် ဆီစားနေကြာဟူ၍ နှစ်မျိုး ရှိပါသည်။ မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများအနက် နေကြာသီးနှံသည် စိုက်ပျိုးရသော မျိုးစေ့ပမာဏနှင့် ထွက်ရှိသောမျိုးစေ့ပမာဏအချိုးအစား (Seed to Seed) မြင့်မားခြင်း၊ စိုက်ပျိုးစရိတ်သက်သာခြင်း၊ တစ်ဧက ဆီထွက်နှုန်းကောင်းခြင်း၊ပိုးမွှား၊ ရောဂါနှင့် ရာသီဥတု ဖောက်ပြန်သည့်အခါတွင်မူ ပျက်စီးမှုနည်းခြင်းတို့ကြောင့် တောင်သူများကြိုက်နှစ်သက် ကြသည်။ နေကြာသီးနှံတွင် သဘာဝဝတ်မှုံကူးမျိုး (Open Pollinated Variety ) နှင့် စပ်မျိုးနေကြာ (Hybrid Variety) ဟူ၍ မျိုးအုပ်စုနှစ်ခု ခွဲခြားနိုင်သည်။ သဘာဝ ဝတ်မှုံကူးမျိုး (Open Pollinated Variety) သည် မိဘမျိုးများစွာ ဝတ်မှုံကူးခြင်းမှ ရရှိလာသော မျိုးဖြစ်သည်။ အခြားမျိုးများနှင့် မျိုးကူးစပ်ခြင်းမရှိစေရန် မျိုးတစ်မျိုး တည်းကိုသာ ထားရှိ စိုက်ပြီး စနစ်တကျ မျိုးသန့်ထိန်းသိမ်းစိုက်ပျိုးပါက () နှစ်မှ (၁၀) နှစ်ထိ မျိုးသန့် အဖြစ် စိုက်ပျိုးနိုင်ပါသည်။ (ဥပမာဆင်းရွှေကြာ) နေကြာသီးနှံသည် ပင်ကြားဝတ်မှုံကူးသည့်သီးနှံဖြစ်ပြီး အဓိကအားဖြင့် ပျားနှင့် ဝတ်မှုံကူးခြင်းဖြစ်ပါသည်။ တောင်သူများအနေဖြင့် သဘာဝဝတ်မှုံကူးနေကြာမျိုးများအား စိုက်ပျိုးမည်ဆိုပါက နေကြာစိုက်ခင်း တစ်ဧကလျှင် ပျားအုံ အုံမှ ၂အုံထားသင့်သည်။မျိုးစေ့ရယူမည့် တောင် သူများ အနေဖြင့် သဘာဝ ဝတ်မှုံကူး နေကြာမျိုးများ စိုက်ပျိုးမည်ဆိုပါက မျိုးတစ်မျိုးတည်းကို တစ်ကွင်း တစ်စပ်ထဲစိုက်ပျိုးသင့်ပါသည်။ စပ်မျိုးနေကြာမျိုး (Hybrid Variety) သည် မျိုးမတူ သောမိဘမျိုး()မျိုးအား မျိုးကူးစပ်၍ ရရှိလာသော စပ်မျိုး စွမ်းအား (Hybrid  Vigour) ကောင်းမွန် သည့်မျိုးဖြစ်သည်။ စပ်မျိုးနေကြာမှ ထွက်ရှိလာသော မျိုးစေ့ကို နောင်နှစ်တွင် မျိုးအဖြစ် အသုံးမပြုသင့်ပါ။ (ဥပမာရေဆင်း စပ်မျိုး နေကြာ)

မြန်မာနိုင်ငံတွင် ဆီစားနေကြာကို ၁၉၇၆၇၇ ခုနှစ်မှစ၍ စိုက်ပျိုးခဲ့ပါသည်။ စိုက်ပျိုးသောမျိုးအများစုမှာ သဘာဝဝတ်မှုံကူးမျိုး (Open pollinated Variety) မျိုးများ ဖြစ်ကြသည်။ ၁၉၈၄ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဉီးစီးဌာနမှ ဆင်းရွှေကြာ သဘာဝ ဝတ်မှုံကူးမျိုး (Open pollinated Variety) ကိုထုတ်လုပ်နိုင်ခဲ့ပါသည်။ ရုရှားမျိုးဖြစ်သည့် CHAKINSKYI-269 အား Mass Selection နည်းဖြင့် ရွေးချယ်ထားသော မျိုးဖြစ်ပါသည်။ ဆင်းရွှေကြာ နေကြာမျိုးသည် အသက်လျင်၍ ရွက်ခြောက်ရောဂါ (Alternaria Leaf Blight) အတော်အသင့် ခံနိုင်ရည်ရှိပါသည်။ တစ်ဧကအထွက်နှုန်း ၂၅၃၀ တင်း ထွက်ရှိပြီး ဒေသမရွေးစိုက်ပျိုးဖြစ်ပါသည်။ စပ်မျိုးနေကြာမျိုးများသည် သဘာဝ ဝတ်မှုံကူးမျိုး (Open Pollinated Variety ) များထက် အထွက်နှုန်းကောင်းမွန်ခြင်း နှင့် ဆီထွက် ရာခိုင်နှုန်း မြင့်မားခြင်း တို့ကြောင့် စပ်မျိုးနေကြာထုတ်လုပ်ရေး သုတေသနလုပ်ငန်းများကို ကမ္ဘာနှင့်အဝှမ်း ဆောင်ရွက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင် ၁၉၈၆ ခုနှစ်၌ ပြည်ပ စပ်မျိုးနေကြာ Hysun-33  ကို မှာယူတင်သွင်း၍ စိုက်ပျိုးခဲ့ရာ အထွက်နှုန်း (၄၀၅၀)တင်းထိ ထွက်ရှိသဖြင့် တောင်သူများ များစွာအကျိုးရှိပြီး ဆီထွက်ထုတ်လုပ်မှုလည်း တိုးတက်ခဲ့ပါသည်။ သို့ရာတွင် စပ်မျိုးနေကြာမျိုးစေ့ကို နှစ်စဉ်နိုင်ငံခြားမှ ဝယ်ယူ တင်သွင်းပါက နိုင်ငံခြားငွေများစွာ ကုန်ကျခြင်း၊ တောင်သူများအတွက် မျိုးစရိတ် ကြီးမားခြင်းတို့ကြောင့် ပြည်တွင်းတွင် စပ်မျိုးနေကြာ ထုတ်လုပ်နိုင်ရန် သုတေသန လုပ်ငန်းများအား စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ ရေဆင်းတွင်၁၉၉၃၉၄ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး စပ်မျိုး နေကြာမျိုး ()မျိုးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါသည်။ရေဆင်းစပ်မျိုးနေကြာ သည်  အသက်ရက် ၈၀၈၅ ရက်ရှိပြီး၊ အပင်အမြင့် . ပေ ပေ  ရှိကာ အပွင့်အချင်း၅လက်မ မှ ၉လက်မ ထိရှိ၍ တစ်ပွင့်ပါအောင်စေ့ ၅၀၀၉၀၀ ပါရှိပြီး အစေ့တစ်ထောင် အလေးချိန်မှာ၄၅၅၀ဂရမ် နှင့် ဆီထွက်ရာနှုန်း ၄၈၅၁ ရာခိုင်နှုန်းရှိကာ တစ်ဧက အထွက်နှုန်း ၅၅၆၀တင်း ထွက်ရှိနိုင်သည်။ရေဆင်း စပ်မျိုးနေကြာ သည်  တစ်ဧက အထွက်နှုန်းနှင့် ဆီထွက်နှုန်းကောင်းခြင်း တို့ကြောင့် မြန်မာနိုင်ငံအဝှမ်းရှိ နေကြာစိုက် တောင်သူများ အများဆုံး စိုက်ပျိုးနေသော ပြည်တွင်း စပ်မျိုးတစ်မျိုးဖြစ်ပါသည်။

ဆီစားသုံးမှု ဖူလုံစေရန်အတွက် နေကြာသီးနှံသုတေသနလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အထွက်ကောင်းနှင့် ဆီထွက် ကောင်း စပ်မျိုးနေကြာမျိုးသစ်များအား မွေးမြူထုတ်လုပ်ခြင်း သုတေသနလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ အဓိကလုပ်ငန်းစဉ်များဖြစ်သည့် သန္ဓေသန့်လိုင်းများ မွေးမြူခြင်း သုတေသန၊ စပ်မျိုးမိဘလိုင်း (အမလိုင်းများ) မွေးမြူခြင်း သုတေသန၊ စပ်မျိုး မိဘလိုင်း(အဖိုလိုင်းများ) မွေးမြူခြင်းသုတေသန၊ စပ်မျိုးမိဘလိုင်းများ၏ ပေါင်းစပ် စွမ်းရည် စစ်ဆေး ခြင်း သုတေသန၊စမ်းသပ်စပ်မျိုးများ အထွက်ယှဉ်ပြိုင်ခြင်း သုတေသန၊ စမ်းသပ် စပ်မျိုးများ တောင်သူ့ကွက်တွင် သရုပ်ပြစိုက်ပျိုးခြင်း သုတေသနလုပ်ငန်းများကို ဆောင်ရွက် လျှက် ရှိသလို    ထုတ်ဝေပြီး နေကြာမျိုးများ၏အရည်အသွေး ကျဆင်း မသွားအောင် မျိုးသန့် ထိန်း သိမ်း ခြင်းများကိုလည်း ဆောင်ရွက် လျှက်ရှိပါသည်။ စပ်မျိုး နေကြာမျိုးစေ့၏ အရည်အသွေး မကျဆင်းစေရန်  စပ်မျိုးနေကြာထုတ်လုပ်သည့် မိဘလိုင်း များအားစနစ်တကျ မျိုးသန့် ထိန်းသိမ်းခြင်းသည် အလွန်အရေးကြီးပါသည်။ သဘာဝဝတ်မှုံကူး နေကြာမျိုးများအားမျိုးစေ့များကို မူလဗီဇလက္ခဏာများ ယုတ်လျော့မသွားစေရန် စနစ်တကျ မျိုးသန့်ထိန်း သိမ်း ထားခြင်း ကို မဖြစ်မနေ ဆောင်ရွက်ရပါသည်။  သို့မှသာ တောင်သူများ စိုက်ပျိုးသည့် မျိုးများသည် မူလအရည်အသွေးမပျက်အထွက်နှုန်းနှင့် ဆီထွက်နှုန်း ကောင်းမွန်ပြီး ဝင်ငွေ တိုးတက် ရရှိမည်မှာ အမှန်ပင်ဖြစ်ပါသည်။                                              

  နန်းပပဝင်း

 လက်ထောက်သုတေသနအရာရှိ၊

 ဆီထွက်သီးနှံသုတေသနဌာနစု၊

 စိုက်ပျိုးရေးသုတေသနဉီးစီးဌာန