သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဒုတိယတိုင်းဒေသကြီး/ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး များ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးမွမ်းမံသင်တန်း သင်တန်းအမှတ်စဉ်(၂) ဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး /ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်ဦးစီးမှူးများ လုပ်ငန်းစွမ်း ဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်(၈)နာရီ က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်း ရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း ၌ ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ မှ ဒုတိယတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ် က သင်တန်းဖွင့် အမှာစကားပြောကြားသည်။

ဒေသအသီးသီတွင် တာဝန်ယူဆောင်ရွက်နေကြသော စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူအဆင့်ဆင့်တို့အနေဖြင့် လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒလမ်းစဉ်များ၊  လုပ်ငန်းလမ်းညွှန်ချက်များ နှင့် စီမံခန့်ခွဲမှုစနစ်များ အပေါ် ပိုမိုသိရှိစေရန် ၊ အုပ်ချုပ်ရေးကဏ္ဍ ၊ ငွေစာရင်းကဏ္ဍ နှင့် နည်းပညာဆိုင်ရာကဏ္ဍများ တွင် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန်တို့ကို ရည်ရွယ်၍ လုပ်ငန်းတာဝန်အလိုက် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းပတ်စဉ်အလိုက် သက်ဆိုင်ရာ ကျွမ်းကျင်သူများက ဆွေးနွေးပို့ချပေးလျက်ရှိသည်။

သင်တန်းများကျင်းပရာတွင် ပို့ချပေးသူသင်တန်းမှူးကသာ ဟောပြောပို့ချခြင်း သက်သက်မဟုတ်ဘဲ တက်ရောက်လာသူများဘက်ကပါ တင်ပြဆွေးနွေးခြင်း အမြင်ခြင်းဖလှယ်ဆွေးနွေးများပါဆောင်ရွက်နိုင်ကြသဖြင့် သင်တန်းများမှတဆင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ လက်ရှိလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ အခက်အခဲများနှင့် အကန့်အသတ်များကို သင်တန်းတွင်ပါဝင်တက်ရောက်သူအားလုံး တို့က သိရှိနိုင်ခြင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းလမ်းစဉ်များနှင့် ပတ်သက်၍ မည်သို့ပြောင်းလဲ ဆောင်ရွက်သင့်သည်များကို သုံးသပ်နိုင်ခြင်း၊ တောင်သူလယ်သမားများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသအသီးသီး၏ မတူညီသော အမြင်များ အတွေ့အကြုံများနှင့် စိန်ခေါ်မှုများကို အမြင်ချင်းဖလှယ်သုံးသပ်နိုင်မှာဖြစ်ကြောင်း ၊ သင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဒုတိယတိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ စုစုပေါင်းသင်တန်းသား(၄၈)ဦး တက်ရောက် လျက်ရှိကြပြီး စက်တင်ဘာလ(၁၆)ရက်နေ့မှ (၂၀)ရက်နေ့အထိ (၅)ရက်ကြာကျင်းပ မှာ ဖြစ်ကြောင်း သတင်းရရှိသည်။