သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်လှစ်ပို့ချ

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှာ တာဝန်ယူဆောင်ရွက်နေသော ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးလာစေရန် ADSP စီမံကိန်းအစီအစဉ်ဖြင့် Training Workshop on UAV Aerial Imaging for Surveying,Mapping and Satellite Photogrammetry သင်တန်းအပတ်စဉ်(၂/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းက နေပြည်တော် ဥတ္တရသီရိဟိုတယ်ဇုံရှိ ဂရိတ်ဝေါဟိုတယ် ၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ADSP စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် စီမံကိန်းဆည်ရေသောက်ဧရိယာအတွင်းရှိ မြေယာ မှတ်တမ်းများ စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းဧရိယာများကို ဒီဂျစ်တယ်ကွင်းမြေပုံများ ထူထောင်ပြီး လယ်ယာကဏ္ဍ ဆိုင်ရာ သတင်း အချက်အလက်များ ထူထောင်နိုင်ရန်အတွက် စီမံကိန်းဧရိယာအလိုက် ရှေ့ပြေးစစ်တမ်းများ ကောက်ယူပြုစုခြင်း၊ စီမံကိန်းဧရိယာအတွင်းရှိ ကွင်းဧရိယာများကို ခေတ်မီမြေတိုင်း ကိရိယာများ ဖြစ်သော Total Station, RTK(Real Time Kinematic)တို့ဖြင့် ကွက်ကြဲ၊ကွက်စိတ် တိုင်းတာခြင်း၊ တိုင်းတာရရှိသည့် Data များနှင့် Satellite Imagery များကိုအသုံးပြုပြီး  Digital ကွင်းမြေပုံများအဖြစ် ပြန်လည် ရေးဆွဲထုတ်လုပ်ခြင်း၊ Digital ကွင်းမြေပုံများကို အခြေခံပြီး တောင်သူတစ်ဦးချင်း လုပ်ပိုင်ခွင့်ရဧရိယာစာရင်းများ ကွင်းဆင်းကောက်ယူပြုစုခြင်း၊ ရေပေး မြောင်းများအလိုက် ရေသောက်ဧရိယာ စာရင်းများ ပြုစုခြင်း၊ စီမံကိန်း ဧရိယာ အတွင်းရှိ သီးနှံ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများနှင့် မြေအသုံးချမှုဆိုင်ရာစာရင်းအင်း၊ သတင်း အချက် အလက်များ ပြုစုထုတ်ပြန်ြခင်းတို့ကို ဆောင်ရွက်လျက် ရှိသည်။