နယ်သတင်းများ သတင်းကဏ္ဍ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်  Tanintharyi Rubber Forum 2019 ကျင်းပ

   

       တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန က ဦးဆောင်၍ TRRPPA တနင်္သာရီဒေသ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများအသင်းနှင့် CARE MYANMAR GRO တို့ ပူးပေါင်း၍ Tanintharyi Rubber Forum 2019 ကို သြဂုတ်လ ၁၄ရက်နေ့နံနက်  ၁၀ နာရီ က ထားဝယ်မြို့ Diamond Crown Hotelတွင် ကျင်းပရာတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊  တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဌ ဦးကြည်စိုး၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ တိုင်း/ခရိုင်/ မြို့နယ်စိုက်ပျိုးရေး ဝန်ထမ်းများ၊ ရော်ဘာစက်ရုံလုပ်ငန်းရှင်များ၊ ရော်ဘာသစ်စက်ရုံလုပ်ငန်းရှင်များ ၊  Care Myanmar GROနှင့် WWF မှတာဝန်ရှိသူများ၊ ရော်ဘာခြံကြီး/ ခြံလတ်/ခြံငယ်ရှင်များ ၊ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူအသင်းဝင်များနှင့် ရော်ဘာရောင်းဝယ်သူများ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ပြီး အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် က အဖွင့်အမှာစကား ပြောကြားသည်။

 

     ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်ဦး က ရော်ဘာနှီးနှောဖလှယ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် Myanmar Rubber Forum 2018 မှ အကြံပြုချက်(၂၄)ချက်ကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဌ Dr.ယုစိန်မှ International Rubber Market နှင့်ပတ်သက်သောစာတမ်းကိုလည်းကောင်း၊ WWF နှင့် ရော်ဘာလုပ်ငန်းရှင်များ ၊ရော်ဘာပညာရှင်များမှ ရော်ဘာလုပ်ငန်းနှင့်ပတ်သက်သည့် စာတမ်း(၇)စောင် အား ဖတ်ကြားတင်ပြကြသည်

ဒုတိယပိုင်းအနေဖြင့် မြို့နယ်(၁၀)မြို့နယ်မှ တက်ရောက်လာသူများက ရော်ဘာလုပ်ငန်း တွင် ကြုံတွေ့နေရသော အခက်အခဲများ၊ လိုအပ်ချက်များ၊ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး၍ (Penel discussion )ပြုလုပ်ခဲ့ပြီး Tanintharyi Rubber Forum 2019 ကို ညနေပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသိရှိရသည်။