နိုင်ငံ၏ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်
အဆိုပါ ပြပွဲ၊ ပြိုင်ပွဲကြီးကို မျိုးကောင်း မျိုးသန့်များရရှိနိုင်သည့် အရင်းအမြစ်များကို ဖော်ထုတ်ပြီး မွေးမြူထုတ်လုပ်မှု နည်းပညာများ မျှဝေပေးခြင်း၊ မွေးမြူသူ အချင်းချင်း ဆက်သွယ်မှု ကွန်ရက် ချဲ့ထွင်ခြင်း၊ အရည်အသွေးမြင့် မွေးမြူရေး ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်မည့် နည်းပညာများ ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
တိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲတွင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးမှ တောင်သူများ၏ မွေးမြူရေးတိရစ္ဆာန်များဖြစ်သည့်
တိရစ္ဆာန်ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မွေးမြူရေးတိရစ္ဆာန် ကောင်ရေ ၁၆၄ ကောင် ယှဉ်ပြိုင်ခဲ့ပြီး တိရစ္ဆာန်ပြပွဲတွင် ၄၉ ကောင် ပါဝင်ပြသခဲ့ ကာ အမျိုးအစားအလိုက် ဆုများပေးအပ်ခဲ့သည်။ တိရစ္ဆာန်ပြိုင်ပွဲများ တွင် ခိုင်းနွားနှင့် ပတ်သက်သော အမှတ်ပေးစည်းမျဉ်းများ၊ နို့စားနွားနှင့်ပတ်သက်သော အမှတ် ပေးစည်းမျဉ်းများ၊ အသားတိုးနွားနှင့် ပတ်သက်သော အမှတ်ပေးစည်းမျဉ်းများ၊ သိုး၊ ဆိတ်နှင့် ပတ်သက်သော အမှတ်ပေး စည်းမျဉ်းများကို ရေးဆွဲပြီး ပြိုင်ပွဲအလိုက် အချို့က ထုတ်လုပ်မှု၊ အချို့က လှပကြော့ရှင်းမှုကို ဦးတည်အမှတ်ပေးကာ မြန်မာ့နွားသိုးအလှပြိုင်ပွဲတွ
နို့စားနွားမကြီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် နို့စားနွားမများကို ခန္ဓာကိုယ်အချိုးအစားကျမှု၊ နို့စားနွား၏ သွင်ပြင်လက္ခဏာ ပြည့်စုံမှု၊ နို့အုံအနေအထားကောင်းမွန်မှု၊ နို့ထွက်နှုန်း၊ အသက်၊ နောက်ပါ နွား ကလေး၏ အသက်နှင့် သွင်ပြင်လက္ခဏာ၊ နို့အရည်အသွေးစသည့် အချက်များကို မူတည်၍ ရွေးချယ် ခဲ့သည်။
အလားတူ နို့စားနွားမတမ်းများကို ခန္ဓာကိုယ်အချိုးအစား၊ မျိုးရိုးဗီဇ၊ သွင်ပြင် လက္ခဏာ၊ နို့အုံအနေအထား နှင့် အသက် စသည့်အချက်များကို လည်းကောင်း၊ အသားစားနွားထီးများကို မျိုးရင်း၊ အသက်အလိုက် ကြီးထွားနှုန်း၊ ကြွက်သားဖွဲ့စည်းမှုနှင့် အရေပြားကောင်းမွန်ခြင်း စသည့် အချက်များကို လည်းကောင်း၊ အသားတိုးနွားမများကို မျိုးရင်း၊ အမျိုး အလိုက် ခန္ဓာကိုယ်အချိုးအစား၊ ကြွက်သား ဖွဲ့စည်းပုံ၊ တင်ပါးဆုံရိုးခွင်နှင့် အရေပြားကောင်းမွန်ခြင်း စသည့်အချက်များကို လည်းကောင်း အခြေခံ၍ အမှတ်ပေး ရွေးချယ်ခဲ့သည်။
“ဒီလို မွေးမြူရေးတိရစ္ဆာန်ပြိုင်ပွဲတွေ
ပွဲတော်တွင် တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲများ အပြင် မွေးမြူရေးအစာဆိုင်ရာ စက်မှုပြခန်း၊ တိရစ္ဆာန် ရောဂါ ကာကွယ်ရေး ပညာပေးပြခန်း၊ မွေးမြူရေးအသိပညာ ပေးပြခန်း၊ မွေးမြူရေးသုံး ဆေးဝါးနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာပြခန်
လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန်
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသွားအလာ ကန့်သတ်မှုများရှိပြီး မွေးမြူရေး လုပ်ငန်းများတွင် ထိခိုက်မှုရှိခဲ့သော်လည်း ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အတိုင်းအတာ တစ်ခုအထိ ထိန်းသိမ်းနိုင်သည့် အခြေအနေကို ရရှိပြီဖြစ်သည့် အတွက် ရပ်တန့်သွားသည့်လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် ကြိုးစားနေသည့် ကာလအတွင်း တွင် မွေးမြူရေး တိရစ္ဆာန်ပြပွဲ၊ပြိုင်ပွဲ(၂၀၂၂)
ကျေးလက်နေပြည်သူများအနေဖြင့် ကျွဲ၊ နွားများကို မိရိုးဖလာ သဘောတရား အတိုင်း ရှေးရိုးစဉ်ဆက် မွေးမြူကြပြီး အချိန်တန်အရွယ်ရောက်ပါက ဈေးကွက်ထဲ ထုတ်ရောင်းလိုက်ကာ ရသမျှငွေလေးဖြင့် တင်းတိမ်နေကြဆဲဖြစ်သော်လည်း စီးပွားဖြစ်လုပ်ကိုင်နိုင်သည့် လုပ်ငန်းကြီး တစ်ခု ဖြစ်သည့် အားလျော်စွာ မွေးမြူသည့်စနစ်၊ မွေးမြူသည့်မျိုးများ၊ ကျွေးမွေးသည့်အစီအစဉ်များ ပြောင်းလဲရန် လိုအပ်လျက်ရှိနေသည်။ ထိုသို့ပြောင်းလဲနိုင်ရန် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ ၂၀၂၂ သည် မွေးမြူရေးခေတ်သစ်သို့ ခြေလှမ်းပြင်ခြင်းပင် ဖြစ်သည်။
မွေးမြူထုတ်လုပ်မှု နည်းပညာများမျှဝေ
သုံးရက်တာကျင်းပသည့် မွေးမြူရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲနှင့်အတူ မွေးမြူ ထုတ်လုပ်မှု နည်းပညာများ မျှဝေပေးခြင်း၊ မွေးမြူသူအချင်းချင်း ကွန်ရက်ချဲ့ထွင်ခြင်း၊ အရည်အသွေးမြင့် မွေးမြူရေး ထုတ်ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချနိုင်မည့် နည်းပညာများ ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်နိုင်ရန်၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုအခြေခံသည့် ငြိမ်းချမ်း သာယာသော လူ့ဘောင်တစ်ခု တည်ထောင်နိုင်ရန်တို့ကို ရည်ရွယ်သည့် “တို့တွေအနာဂတ်ကောင်းမွန်ဖို့ မွေးမြူ ထုတ်လုပ်ကြပါစို့” ခေါင်းစဉ်ဖြင့် စကား ဝိုင်းဆွေးနွေးပွဲကိုပါ ထည့်သွင်းကျင်းပခဲ့သည်။
ယခုကျင်းပသည့် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ပြို
သတင်းဆောင်းပါး – သန်းမင်းအောင်