ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ရေပေါ်လှောင်အိမ်စနစ်ဖြင့် ထိုင်းငါးခုံးမကြီး နှင့် တီလားပီးယားငါးမျိုးများ မွေးမြူထားရှိမှုတို့ကို ကြည့်စစ်ဆေး

မိုးယွန်းကြီးကန်အား ရေကူဖြည့်တင်းပေးလျက်ရှိသကဲ့သို့ ပဲခူး၊ ဝေါ နှင့် သနပ်ပင် မြို့နယ်များ ၏ နွေစပါးစိုက်ဧက သုံးသောင်းကျော် ကို စိုက်ပျိုးရေ အကျိုးပြုလျက်ရှိသည့် ဝါးကတုတ် ရေလှောင်တမံ တွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန နှင့် ငါးလုပ်ငန်း ဦးစီးဌာန တို့ပူးပေါင်း၍ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်းကို ရှိပြီး ဒေသနေပြည်သူများ၊ ငါးမွေးတောင်သူများ တပိုင်တနိုင် ​လုပ်ကိုင်နိုင် စေရန် နည်းပညာနှင့် အကူအညီများ ပေးလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဝါးကတုတ်ချောင်းပေါ်တွင်တည်ဆောက်ထားသည့် အဆိုပါ ရေလှောင်တမံ သို့ ဇန်နဝါရီလ(၂၁)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့် တာဝန်ရှိသူများ ရောက်ရှိ ကြပြီး တမံကြံ့ခိုင်ရေး သဘာဝဘေးလုံခြုံရေးလုပ်ငန်းများ နှင့် ရေပေါ်လှောင်အိမ်စနစ်ဖြင့် ထိုင်းငါးခုံးမကြီး နှင့် တီလားပီးယားငါးမျိုးများ မွေးမြူထားရှိမှုတို့ကို ကြည့်စစ်ဆေးသည်။

ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ဝင်ငွေတိုးပွားရန် နှင့် ငါးမွေးမြူထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်လာစေရန် အခြေအနေ ပေးသည့် သဘာဝရေပြင်ကျယ်များ နှင့် ဆည်ကန်များတွင်  ရေပေါ်လှောင်အိမ်စနစ်ဖြင့်  ငါးမွေးမြူနိုင်​ရေးအတွက် ငါးလုပ်ငန်း ဦးစီးဌာန က အသေးစားတစ်ပိုင်တစ်နိုင်မွေးမြူသူများနှင့် ငါးမွေးမြူရေးလုပ်ငန်းတွင် စီးပွားဖြစ်ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြုပ်နှံသူ လုပ်ငန်းရှင်များ ကို နည်းပညာ နှင့်အကူအညီများ ကူညီပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးရေးကိုဆောင်ရွက်ခြင်းဖြင့် ငါးလုပ်ငန်း လုပ်ရန်မြေလိုအပ်ချက်နှင့် ကနဦးရင်းနှီးမြုပ်နှံမှုကို လျော့နည်း စေပြီး ငါးထုတ်လုပ်မှုကို အချိန်တို အတွင်း သိသာစွာတိုးတက်ထုတ်လုပ်နိုင်သဖြင့် ဒေသနေပြည်သူများ၏ စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရပြည့်ဝရေး နှင့် ဝင်ငွေတိုးတက်ရေးကို အထောက်အကူပြုစေမည် ဖြစ်ကြောင်း သတင်းရရှိသည်။