ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံဝန်ထမ်းများအတွက် ယောဂကျင့်စဉ် အားကစား သင်တန်းဖွင့်လှစ်

နိုင်ငံဝန်ထမ်းများ၏ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေး နှင့် ထူးချွန်သော ရွက်ပုန်းသီး အားကစား မောင်မယ်များ ဖော်ထုတ်ပေးနိုင်ရေး တို့အတွက်  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တွင် အားကစား နည်းများ အလိုက် ပြိုင်ပွဲများကျင်းပပေးလျက်ရှိသကဲ့သို့ ကိုယ်စိတ် နှစ်ပါး ရွှင်လန်းချမ်းမြေ့ပျော်ရွှင်စွာဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ကြစေရန် ယောဂ ကျင့်စဉ် အားကစားသင်တန်းကို ဖွင့်လှစ်ပေးလျက်ရှိသည်။

ကိုယ်ရည်ကိုယ်သွေးတိုးတက်ကောင်းမွန်စေပြီး စိတ်ပိုင်း ရုပ်ပိုင်းနုပျိုလန်းဆန်းစေလျက် မိမိကိုယ်ကို ယုံကြည်ချက်ပြည့်ဝစေသည့် ယောဂ ကျင့်စဉ် အားကစားသင်တန်းကို ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံးအနီးရှိ အားကစားဝင်း၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ အရာထမ်းအမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ တက္ကသိုလ်များအားလုံးကို အားကစားနည်းများ အလိုက် တာဝန်ယူစေပြီး ဝန်ထမ်းအားလုံး ပါဝင် နိုင်ကြစေရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ယခုကျင်းပသည့် ယောဂကျင့်စဉ်အားကစား ကို စီမံကိန်းဦးစီးဌာန က တာဝန်ယူစီမံ ဆောင်ရွက်ခြင်းဖြစ်ပြီး နည်းပြများ အဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာန ယောဂကျင့်စဉ် အားကစားနည်းပြအဖွဲ့က တာဝန်ယူ လေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။