ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

 ပြည်ထောင်စုဝန်ကြီးဖလား ဘိလိယက်နှင့်စနူကာ အားကစား ဆုချီးမြှင့်ပွဲကျင်းပ။

 

          စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ ပထမအကြိမ် ဘိလိယက် နှင့် စနူကာ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၁၁)ရက်နေ့က ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဘိလိယက် နှင့် စနူကာ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

          အခမ်းအနားသို့ ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အရာထမ်းအမှုထမ်းများ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

          ဇန်နဝါရီလ(၇)ရက်မှ (၁၁)ရက်နေ့အထိ (၅)ရက်ကြာကျင်းပပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဘိလိယက် နှင့် စနူကာ အားကစားပြိုင်ပွဲများကို ဦးစီးဌာနများ နှင့် တက္ကသိုလ် ကိုယ်စားပြုအသင်းများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  အားကစားနှင့်ကာယပညာ ဦးစီးဌာန ဘိလိယက်နှင့်စနူကာပညာရှင်များက ဒိုင်များအဖြစ် ကြီးကြပ်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ တံခွန်စိုက်ဆု ရရှိခဲ့သည့် စိုက်ပျိုးရေးတက္ကသိုလ် နှင့် ပြိုင်ပွဲအမျိုးအစားများ အလိုက် ဆုများကို  ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာအကြီးအကဲများက ချီးမြှင့်ပေးအပ် ခဲ့ကြကြောင်း  သတင်းရရှိသည်။