ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းအား ကြည့်ရှုစစ်ဆေး 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နှင့် အတူ ဇန်နဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်း သို့ သွားရောက်ကြပြီး ဝမ်ပုံဆိပ်ကမ်း ဒေသဖွံ့ဖြိုးရေး နှင့် မြေနေရာရရှိနိုင်မှု အခြေအနေ ကိုလည်းကောင်း၊ အိမ်နီးချင်းနိုင်ငံ တို့မှ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆိုင်ရာ ထွက်ကုန်များ ဝင်ထွက်ရာတွင် တည်ဆဲဥပဒေများ နှင့်အညီဖြစ်စေရေး၊ သီးနှံဆိုင်ရာ ပိုးမွှားရောဂါနှင့် တိရစ္ဆာန်ကူးစက်ရောဂါများတားဆီး ကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။