ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲကျင်းပ။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ မှ နိုင်ငံ့ဝန်ထမ်းများ၏ ကိုဗစ်-၁၉ အပါအဝင် ရောဂါဘယများ တားဆီးကာကွယ်ရေး အတွက် ကျန်းမာကြံ့ခိုင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ တဦးချင်းရဲ့စွမ်းရည်တိုးတက် စေခြင်း၊ ကောင်းမွန်သော အားကစားစိတ်ဓာတ်ဖြင့် ကြိုးစားအားထုတ်အနိုင်ယူခြင်း အလေ့အကျင့်ကောင်းများ ဖြစ်ထွန်းလာစေရန် ရည်ရွယ် ကျင်းပသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဘောလုံးအားကစား ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၈)ရက်နေ့က ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက် အားပေးသည်။

အခမ်းအနားသို့ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ဝန်ထမ်းမိသားစုများ တက်ရောက်အားပေးကြသည်။

ဆုပေးပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး က ဂုဏ်ပြုအမှာစကားပြောကြားပြီး ပထမဆုရ  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ ဒုတိယဆုရ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ တတိယဆုရ ငါးလုပ်ငန်းဦးစီးဌာန ၊ ရှေ့တန်းအကောင်းဆုံးဆု၊ အလယ်တန်း အကောင်းဆုံး၊ နောက်တန်းအကောင်းဆုံးဆု နှင့်  ဂိုးသမားအကောင်းဆုံး ဆုရ အားကစားသမားများ အား ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရသည်။