သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

လယ်ယာသုံး စက်ကိရိယာဆိုင်ရာ သု တေသနပြုလုပ်ကြမည့် ဝန်ထမ်းများ အတွက် မွမ်းမံသင်တန်းဖွင့်လှစ်

ကြံ၊ ပဲတီစိမ်း၊ မြေပဲ၊ ပြောင်း၊ အာလူး သီးနှံများ စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းတို့တွင် သီးနှံ အလိုက် အသုံးပြုရမည့် စက်ကိရိယာများအား သုတေသနပြုလုပ်ကြမည့် ဝန်ထမ်းများ အတွက် စက်ကိရိယာများ အသုံးချခြင်းမွမ်းမံသင်တန်း အမှတ်စဉ် (/၂၀၂၁၂၀၂၂) သင်တန်းကို  နိုဝင်ဘာလ ရက်နေ့ က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စက်မှုလယ်ယာဦးစီးဌာန သင်တန်း ကျောင်း ကို အခြေပြု၍ အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။

၂၀၂၁၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ်အတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်မည့် ကြံ၊ ပဲတီစိမ်း၊ မြေပဲ၊ပြောင်း၊ အာလူး သီးနှံစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများတွင် စက်မှုလယ်ယာ စနစ် အပြည့်အဝကျင့်သုံး ဆောင်ရွက်နိုင်ရေးအတွက် မြေပြုပြင်ခြင်း၊ သီးနှံစိုက်ပျိုးခြင်း၊ အပင် ပြုစုခြင်း ရိတ်သိမ်းခြင်းတို့၌ အသုံးပြုမည့်စက်ကိရိယာများကို သုတေသနလုပ်ငန်း ဆောင်ရွက် ကြမည့် တိုင်းဒေသကြီး ပြည်နယ်()ခု စက်မှုလယ်ယာစခန်းများမှ သင်တန်းသား (၃၅)ဦး တက်ရောက်လျက်ရှိပြီး နိုဝင်ဘာလ ရက်နေ့ မှ ၁၃ ရက်နေ့အထိ  သင်တန်းကာလ ()ရက် အတွင်း စက်မှုလယ်ယာဦးစီးဌာန သင်တန်းကျောင်း ဆရာဆရာမများက စက်ကိရိယာများအသုံးချခြင်းဆိုင်ရာ ဘာသာရပ်ကို ပို့ချပေးသွားမည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သီးနှံကျွမ်းကျင်သူ ပညာရှင်များက ဖော်ပြပါသီးနှံများ၏ သဘော သဘာဝ နှင့် အောင်မြင်ဖြစ်ထွန်း နိုင်မှု အခြေအနေများ ကို ဆွေးနွေးပို့ချ ပေးသွားမည်ဖြစ်သည်။

စက်မှုလယ်ယာသို့ အပြည့်အဝကူးပြောင်းရေးတွင် စက်ကိရိယာ စွမ်းအားကို အပြည့် အဝ အသုံးချနိုင်ရေး၊လယ်ယာသုံးစက်ကိရိယာ သုတေသနလုပ်ငန်းများနှင့် နည်ပညာပေး လုပ်ငန်း များ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊စက်မှုလယ်ယာ လုပ်ငန်းကိုအခြေခံသည့် စိုက်ပျိုး ထုတ်လုပ်မှု အလေ့အကျင့်ကောင်းများအား ဖွံ့ဖြိုးတိုးတက်လာစေရန် စက်မှုလယ်ယာဦးစီးဌာန ဝန်ထမ်းများ အနေဖြင့် မိမိတို့၏ တာဝန်ထမ်းဆောင်ရာ နယ်ပယ် အသီးသီး၌ စက်မှုလယ်ယာကူးပြောင်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စိုက်ပျိုးသီးနှံအလိုက် ခေတ်မီ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုဆောင်ရွက်သည့် နည်းလမ်းများရရှိစေရန် တို့ကိုရည်ရွယ်၍ လယ်ယာသုံး စက်ကိရိယာများ ဆိုင်ရာ သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။