စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် နိုဝင်ဘာလ (၉)ရက်နေ့ နံနက်ပိုင်း က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမဆောင် တွင် တွေ့ဆုံ၍ နှစ်နိုင်ငံလယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး နှင့် စားသုံးသူ များအတွက် ဘေးကင်းသော စိုက်ပျိုး မွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတက်ရေး ၊ လယ်ယာ သားငါးကုန်သွယ်မှု မြှင့်တင်ရေး ၊ ပိုးမွှားရောဂါကင်းရှင်းကြောင်း ထောက်ခံမှု ပေးသည့် ကိစ္စရပ် များ သဘော တူညီချက် ရရှိရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိ သည်။