ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ငါးသားဖောက်လုပ်ငန်း နှင့် မျိုးငါးဖြန့်ဖြူးပေးမှု လိုအပ်ချက်များ ဆွေးနွေးမှာကြား

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့်အဖွဲ့သည် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် နတ်ရေကန်ငါးသားဖောက်စခန်း သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ငါးသားဖောက်လုပ်ငန်း နှင့် မျိုးငါးဖြန့်ဖြူးပေးနေမှု၊ တောင်သူပညာပေးသင်တန်းများ နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် ToT သင်တန်းများ ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။