ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး(ပေကျင်း)၌ သံအမတ်ကြီးအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ဦးမျိုးသန့်ဖေ အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူ သည် သြဂုတ်လ ၁၅ ရက် နေ့လယ် ၁၁ နာရီအချိန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး(ပေကျင်း)၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ဦးမျိုးသန့်ဖေ အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံ၍ မြန်မာ-တရုတ် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးမွေးမြူရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားကြောင်း သိရှိရသည်။