ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၂၀၁၉ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ ၂၀၁၉ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ  အခမ်းအနား ကို ဇူလိုင်လ ၁၅ ရက် နံနက် ၇ နာရီခွဲအချိန်က နေပြည်တော် ဇေယျာ သီရိမြို့နယ် ရေဆင်း ဆည်အနီး၌ ကျင်းပပြုလုပ်ရာ သစ်ပင်စိုက်ပျိုးပွဲသို့   ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်း ဝန်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် နှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ် များမှ ကျောင်းသားကျောင်းသူများတက်ရောက်၍ သီးပင်စားပင်များ၊ အရိပ်ရပင်များနှင့် နှစ်ရှည်ပင်များ စိုက်ပျိုးကြသည်။

နှစ်ရှည်ပင်များ၊ သီးပင်စားပင်များ၊ အရိပ်ရပင်များ စိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လှပစေရန် ၊ သဘာဝရာသီဥတုအပေါ် အကျိုးပြုနိုင်စေရန် ၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် နှစ်စဉ် မိုးရာသီ သစ်ပင်စိုက်ပွဲများ ကျင်းပဆောင်ရွက်ခဲ့ရာ ယခုနှစ်ကျင်းပပြုလုပ်သော မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲ  တွင်  သီးပင်စားပင် ၊ အရိပ်ရပင် နှင့် နှစ်ရှည်ပင် စုစုပေါင်း( ၃၅၀ )ပင်  စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။