သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြန်မာနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှု အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်မှု အထောက်အကူပြုစေရေး ဥပဒေဆိုင်ရာ ကွာဟချက်နှင့် လိုအပ်ချက်များအား သိရှိ နားလည် စေရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop on Understanding the Legal Gaps and Needs of Fisheries and Aquaculture Development in Myanmar) ကို နို၀င်ဘာလ ၁၄-ရက် နေ့ နံနက် ၉ နာရီ အချိန်က နေပြည်တော် မင်္ဂလာသီရိဟိုတယ် ရွှေဘိုခန်းမ၌ ကျင်းပပြုလုပ် ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ FAO မှ International Legal Consultant နှင့်တာ၀န်ရှိသူများ၊ ဆက်စပ်ဌာနများမှ တာ၀န်ရှိသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် FishAdapt စီမံကိန်း၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် ငါးကဏ္ဍရပ်အပေါ် ရာသီဥတုပြောင်းလဲမှုကြောင့် သက်ရောက်မှုအပေါ် လိုက်လျောညီထွေ ဖြစ်နိုင်စေရေး နည်းလမ်းရပ်များ ဖြစ်ထွန်းလာစေရေးအလို့ငှာ ရာသီဥတု ပြောင်းလဲမှုနှင့် အညီ လိုက်လျောညီထွေဖြစ်စေရေး အတွက် သတင်းအချက်အလက်များ အသိပေး ပြောကြားခြင်း နှင့် ရှေ့ပြေးစမ်းသပ်ဆောင်ရွက်သည့်ဆန်းသစ်သော လုပ်ငန်းရပ်များ/ နည်းပညာ ရပ်များနှင့် ခုခံနိုင်မှုအားနည်းခြင်းဆိုင်ရာ ပျော့ကွက်များအားလျော့ချခြင်းအပေါ် သဘောပေါက် နားလည်ခြင်းဖြင့် ကုန်းတွင်းရေချိုငါးလုပ်ငန်း၊ ကမ်းခြေဒေသငါးလုပ်ငန်း၊ ရေသတ္တဝါမွေးမြူရေး လုပ်ငန်းရပ်များနှင့် နှီးနွယ်ဆက်စပ်သူများအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ FishAdapt စီမံကိန်းအား ကဏ္ဍရပ်(၄)ခုဖြင့် ဖွဲ့စည်းလုပ်ဆောင်ခြင်းဖြစ်ပြီး ကဏ္ဍ(၁)အနေနဲ့မူဝါဒ၊ ဥပဒေဖွံ့ဖြိုးမှုကို အလေးထား လုပ်ဆောင်မှုနှင့်အညီ ယခုအလုပ် ရုံဆွေးနွေးပွဲကို ကဏ္ဍ(၁)တွင်ဖော်ပြပါရှိသည့် ငါးဖမ်းခြင်း နှင့် ရေသတ္တဝါ မွေးမြူရေးကဏ္ဍတို့၏ လိုက်လျောညီထွေမှု ဆိုင်ရာစွမ်းရည်များ လွယ်ကူ ချောမွေ့မှုရှိစေရန် နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့် ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း နှင့် မူဝါဒမူဘောင်များ အားကောင်းလာစရန် လုပ်ဆောင်ရေး အပေါ် တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်အတိုင်း အထမြောက် အောင်မြင်မှုရှိအောင် တက်ကြွစွာပါ၀င် ဆွေးနွေးပေးကြပါရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။

ထို့ နောက် FAO မှ တာ၀န်ရှိသူတစ်ဦး က အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း နှင့် အလုပ်ရုံ ဆွေးနွေးပွဲဆိုင်ရာအစီအစဉ်များအား ရှင်းလင်းတင်ပြပြီး အလုပ်ရုံဆွေး နွေးပွဲအား အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။

Global Environment Facility-GEF အထောက်အပံ့ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန နှင့် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) တို့ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာ နိုင်ငံ၏ ရေသတ္တဝါမွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းရပ်များအပေါ် အားထားမှုပြုနေရသည့် အသက်မွေး ၀မ်းကျောင်းမှုများ အနေဖြင့် (ရာသီဥ တု၊ထိခိုက်မှုဒဏ်) စသည်တို့အပေါ် ကြံ့ကြံ့ ခံနိုင်မှု ရှိနိုင်စွမ်း နှင့် လိုက်လျောညီထွေမှုရှိနိုင်စွမ်းတို့ အားကောင်း လာစေရန် ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် FishAdapt စီမံကိန်းအရ ဆောင်ရွက်သော လုပ်ငန်းတစ်ရပ်အဖြစ် ယနေ့ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။