နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ရန်ကုန်တိုင်းဒေသကြီး ခရီးစဉ်အတွင်း လိုက်ပါလာသည့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ယနေ့ နံနက် ၉နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ သွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင်များ ၊ တာဝန်ရှိသူများ နှင့် တွေ့ဆုံပွဲသို့ တက်ရောက် ၍ သီးနှံလေလွင့် ဆုံးရှုံးမှု လျော့ပါးစေရေး နှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထဋ်ဦး က သီနှံကာကွယ်ရေး လုပ်ငန်းသည် သီးနှံလေလွင့်ဆုံးရှုံးမှုလျော့ပါးစေရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေး အတွက် အရေးပါသော လုပ်ငန်း ဖြစ်ကြောင်း၊ အထူးသဖြင့် ဆန် ပြောင်း ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံများ တင်ပို့မှု အရေ အတွက် နှင့် တန်ဘိုးများ မြင့်တက်လျက်ရှိသည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် ပဲသီးနှံမှ အမေရိကန်ဒေါ်လာ(၂၅၀၀ သန်း)တန်ဘိုး အထိ တိုးတက် တင်ပို့နိုင်ခဲ့ကြောင်း၊ အခြား နိုင်ငံခြား ဝင်ငွေ တိုးတက်ရရှိ နိုင်သော သီးနှံများ တင်ပို့နိုင်ရေး အတွက် တင်သွင်းသည့် နိုင်ငံများနှင့် သဘောတူညီချက်ရရှိရေး ၊ သီးနှံပို့းမွှားရောဂါ ကင်းရှင်းကြောင်းလက်မှတ် SPS Certificate လက်မှတ်များ ထုတ်ပေးရာတွင် လုပ်ငန်းများ အဆင်ပြေချော့မွေ့စေရေး ၊ ထုတ်ကုန်များ တွင် ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်နေမှုများ လျော့ချနိုင်ရေး စသည့် လုပ်ငန်း များတွင် အစိုးရနှင့် ပုဂ္ဂလိက တို့ ညှိနှိုင်းဆွေးနွေး ကြစေလိုကြောင်း၊ ပြည်ပပို့ကုန်များ ၏ စားနပ်ရိက္ခာ အန္တရာယ် ဓာတ်ကြွင်း မရှိစေရေး ဈေးကွက်အသစ်များ ရရှိစေရေးနှင့် ဓာတ်ခွဲခန်းများ အရည်အသွေးမြှင့် တင်ရန် လိုအပ်ပါကြောင်း၊ သီးနှံကာကွယ်ရေး တွင် ပဲမျိုးစုံ ပို့ကုန်ကဏ္ဍတွင် ဈေးကွက် အသစ် များ ပွင့်လင်းလာပြီး အလားအလာရှိသည့် ပဲတီစိမ်း သီးနှံတွင် ကန့်သတ်ထားသည့် ပိုးသတ်ဆေး ဓာတ်ကြွင်းများ မပါရှိစေရေး အတွက် သတ်မှတ် ခွင့်ပြုထားသည့် သီးသန့် ဇုန်များ တည်ထောင်နိုင်ရန် သက်ဆိုင်ရာ ပုဂ္ဂလိကနှင့် သီးနှံ ကာကွယ်ရေး ဌာနခွဲ တို့ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်သွားစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်း က သီးနှံကာကွယ်ရေးဌာနခွဲတာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်း တင်ပြ သည်။
ယင်းနောက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဌ ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဌ ဦးရဲမင်းအောင် ၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း ဥက္ကဌ ဦးထွန်းလွင် နှင့် မြန်မာနိုင်ငံ ပြောင်းအသင်းအတွင်းရေးမှူး ဦးသန့်ဇင်ထွန်း တို့က ဆန်၊ ပြောင်း၊ ပဲမျိုးစုံနှင့် နှမ်းများ ပြည်ပနိုင်ငံများသို့ တင်ပို့ ဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် သွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင်များ အသင်း မှ တာဝန်ရှိသူများ က ပို့ကုန်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြ ကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးခန်းမအတွင်း ပြသထားသည့် သီးနှံကာကွယ်ရေး ဌာနခွဲက ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည်ရှုပြီး စိုက်ပျိုးရေး ဦးစီး ဌာန သီးနှံကာကွယ်ရေးဌာနခွဲ အစည်အဝေးခန်းမတွင် အရာထမ်းဝန်ထမ်းများ နှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (ရှေ့ပိုင်း မြို့နယ်) ရှိ Myanmar CP Livestock Chicken & Pork slaughter hose စက်ရုံ သို့ ရောက်ရှိ ကြရာ စက်ရုံရှင်းလင်းဆောင်တွင် Myanmar CP Livestock မှ စက်ရုံမှူး ဦးဇော်လင်းဇံ က စက်ရုံအတွင်း ၏ ထုတ်လုပ်မှုအဆင့်ဆင့်အားရှင်းလင်းတင်ပြသည်။
ယင်းနောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများ က လုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေများ ကို ရှင်းလင်း ပြောကြားပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး က ဖြည့်စွပ်ရှင်းလင်းပြောကြားသည်။
ရှင်းလင်းပြောကြားချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က ရန်ကုန် တိုင်းဒေသကြီး ၏ စာနပ်ရိက္ခာ ဖူလုံရေး၊ အသား ကဏ္ဍ အရည်အသွေး မြှင့်တင်ရေး၊ အန္တရာယ်ကင်း အသား များ စားသုံးနိုင်ရေး တို့အတွက် အသား ထုတ်လုပ်မှု လုပ်ငန်း တိုးချဲ့ရာတွင် စနစ်တစ်ကျ ခေတ်မီ စွာ ဆောင်ရွက်နိုင်ရေး အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်ထောင်စု ဝန်ကြီးဌာန တို့ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် Myanmar CP Livestock Chicken & Pork slaughter hose စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရွာသာကြီး ဘက်စုံမွေးမြူရေးစခန်း သို့ ရောက်ရှိကြပြီး လုပ်ငန်းဆိုင်ရာများ ဆွေးနွေး မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။