အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာချက်
ကြေညာချက်အမှတ် ( ၁ /၂၀၂၁)
၂၀၂၁ ခုနှစ် ၊ အောက်တိုဘာလ ၆ ရက်
၁။ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် အညီ စပါးသီးနှံ စိုက်ပျိုး ထုတ်လုပ် သော တောင်သူလယ်သမားများ အတွက် သင့်တင့်မျှတသော ဈေးကွက်နှင့်ဈေးနှုန်း ဖြစ်ပေါ်စေရေး အတွက် စိုက်ပျိုး ထုတ်လုပ် မည့် စပါး သီးနှံအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို အောက်ပါအတိုင်း ထုတ်ပြန် ကြေညာ လိုက် သည်။
၂။ အစိုဓာတ် (၁၄)% ရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း (၄၆) ပေါင်ကိုက် စပါး တင်း(၁၀၀)၏ အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းကို (၅၄၀,၀၀၀) ကျပ် သတ်မှတ်လိုက်သည်။
၃။ ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအပေါ်တွင် ဖြစ်ပါက ဈေးကွက် ပေါက်ဈေး အတိုင်း ဝယ်ယူရန် နှင့် ဈေးကွက် ပေါက်ဈေး သည် အခြေခံရည်ညွှန်း စပါး ဈေးနှုန်း အောက်တွင် ဖြစ်ပါက အခြေခံ ဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်ပါသည်။ ယခု သတ်မှတ်သော အခြေခံ ရည်ညွှန်း စပါးဈေးနှုန်းသည် ၂၀၂၁ ခုနှစ် မိုးစပါးနှင့် ၂၀၂၂ ခုနှစ် နွေစပါးတို့ အတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
၄။ အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်အခက်အခဲရှိသော တောင်သူလယ်သမားများ အနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ၏ မြို့နယ် ကိုယ်စားလှယ်များ သို့ဖြစ်စေ၊ အသင်းချုပ် ရုံးချုပ် (ဖုန်း၊ ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆)သို့ ဖြစ်စေ ဆက်သွယ် နိုင်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့