သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ရိတ်သိမ်းချိန်လွန်နည်းပညာ(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ဝန်ထမ်း(၃)ရက် သင်တန်းဖွင့်လှစ်

ရိတ်သိမ်းချိန်လွန်နည်းပညာ(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၁) Virtual Training ဝန်ထမ်း (၃)ရက် သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၂၈)ရက် နေ့ နံနက် (၉)နာရီအချိန် က စိုက်ပျိုးရေးဦးစီးဌာန၊ ထုံးဘို-ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်း ၌ ကျင်းပရာ အခမ်းအနား တွင် မူဝါဒစည်းမျဉ်းနှင့်ဝန်ထမ်းရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်၊ ဥယျာဉ်ခြံ၊ ဟင်းသီး ဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲ ညွှန်ကြားရေးမှူး ဦးမျိုးဇော်  တို့က သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးတိုးမင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမိခိုင် ၊ သင်တန်းဆရာ ဆရာမများ နှင့် မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တို့မှ သင်တန်းသား(၃၀)ဦး၊ စုစုပေါင်း(၄၈)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ စက်တင်ဘာလ(၂၈)ရက်နေ့မှ (၃၀)ရက် နေ့အထိ (၃)ရက် ကြာမြင့်မည်ဖြစ်သည်။

ထုံးဘို၊ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်း အနေဖြင့် နည်းပညာသင်တန်းများ စဉ်ဆက် မပြတ် ဖွင့်လှစ်ပို့ချပေးလျှက်ရှိရာ ၂၀၁၄-၂၀၁၅ခုနှစ်မှ ယနေ့အချိန်ထိ သင်တန်း အကြိမ်ရေ စုစုပေါင်း(၁၄၀)ကြိမ်၊ တောင်သူပေါင်း (၁၃၇၂)ဦး၊ ဝန်ထမ်းပေါင်း(၂၇၄၁)ဦး၊ သင်တန်းသား ဦးရေ စုစုပေါင်း(၄၄၇၃)ဦးအား နည်းပညာများဖြန့်ဖြူးပေးခဲ့ပြီး ရိတ်သိမ်း ချိန်လွန် နည်းပညာ(TOT) သင်တန်းတက်ပြီးသော ဝန်ထမ်းများမှ မိမိတို့တာဝန်ကျရာ ဒေသများ တွင် ဆင့်ပွား သင်တန်းများ ပြုလုပ်လျှက်ရှိရာ ဆင့်ပွားသင်တန်းအကြိမ်ရေပေါင်း(၄၄၅)ကြိမ်၊ တောင်သူပေါင်း (၈၄၅၁)ဦး၊ ဝန်ထမ်းပေါင်း(၆၁၁၇)ဦး၊ စုစုပေါင်း(၁၄၅၆၈)ဦးတို့အား ရိတ်သိမ်း ချိန်လွန်နည်းပညာများ ဖြန့်ဝေပြီး ဖြစ်ကြောင်း သတင်းရရှိသည်။