နိုင်ငံတော်အဆင့်သတင်း သတင်းကဏ္ဍ

ကမ္ဘာ့ကော်ဖီဈေးကွက်တွင် မြန်မာ့ကော်ဖီသည် အဆင့်တန်းရှိရှိဖြင့် နေရာတစ်ခုတွင် ခိုင်ခိုင်မာမာရပ်တည်နိုင်ရေး ရည်မှန်းချက်ထား လုပ်ဆောင်ရမည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါ ၍ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းအနီးရှိ Sithar Coffee Co.ltd နှင့် ပွဲကောက်ကျေးရွာရှိ Creation Myanmar Coffee Farm တို့အား သွားရောက် ကြည့်ရှု့လေ့လာကြည့်ရှုပြီး ကော်ဖီစိုက်လုပ်ငန်း ရှင်များအား တွေ့ဆုံဆွေးနွေး သည်။ ဆွေးနွေးတင်ပြ

ဦးစွာ မြန်မာနိုင်ငံ ကော်ဖီအသင်းနာယက ဦးရဲမြင့်နှင့် ကော်ဖီစိုက် လုပ်ငန်းရှင်များက အရည်အသွေးမြင့်သည့် ကော်ဖီထုတ်ကုန်များရရှိစေရေး ကုန် ကြမ်းမှ ကုန်ချောအဆင့်ထိ အဆင့်ဆင့် ထုတ်လုပ်မှု အခြေအနေများ၊ ကော်ဖီ အသင်းကို ကော်ဖီစိုက်ဒေသအသီးသီး၌ တည်ထောင်ထားရှိပြီး လုပ်ငန်းအဆင်ပြေ ချောမွေ့မှုရှိစေရေး လုပ်ဆောင်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေး နွေး တင်ပြကြသည်။

ရည်မှန်းချက်ထားလုပ်ဆောင်

ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က မိမိတို့နိုင်ငံ၌ ကော်ဖီစိုက်ဧက ၃ သောင်းကျော်ရှိပြီး ဒေသ အလိုက်ခွဲ၍ Robusta နှင့် Arabica ကော်ဖီမျိုးတို့ကို စိုက်ပျိုးသည်ဟု သိရှိရ ကြောင်း၊ ကော်ဖီ စိုက်ပျိုး ခြင်း လုပ်ငန်းသည် အရင်းအနှီးများပြီး ကာလရှည်လုပ်ငန်း ဖြစ်သည့်အတွက် အောင်မြင်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်များကို အမြဲမပြတ် လေ့လာနေရန် လိုကြောင်း၊ အထွက်နှုန်းကောင်း မွန်ရန်၊  Quality Product ဖြစ်ရန်၊ ဈေးကွက်ရရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ အနံ့၊ အရသာနှင့် အရောင် ကောင်းမွန်ရမည်ဖြစ်ပြီး ဈေးကွက် လိုအပ်ချက်နှင့် ဒေသ အလိုက် ကြိုက်နှစ်သက်သည့် အမျိုးအစားများကို လေ့လာဆန်းစစ်၍ ခွဲခြားဖြန့်ချိ ရန်လိုကြောင်း၊ လုပ်ငန်းတစ်ခုဆောင်ရွက်ရာတွင် သုတေသနနှင့် ဖွံ့ဖြိုးမှု Research and Development  ရှိရမည်ဖြစ်ပြီး သုတေသနလုပ်ငန်းများကို မဖြစ်မနေလုပ် ဆောင်ရန်လိုကြောင်း၊ ပထမအဆင့်အနေဖြင့် ကုန်ကြမ်းများကို တင်ပို့ရောင်းချပြီး ဒုတိယ အဆင့်အနေဖြင့် ကုန်ချောများကို ထုတ်လုပ်ကာ အရည်အသွေးမြင့်ကုန်ချော ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး စဉ်းစားဆောင် ရွက်ရန်လို ကြောင်း၊ မျိုးကောင်း မျိုးသန့် ရရှိရေး၊ နည်းစနစ်ကျနရေး၊ ဈေးကွက်ရရှိ ရေးနှင့် အရင်းအနှီး လိုအပ်ချက်တို့အတွက် နိုင်ငံတော်မှကူညီ ဆောင်ရွက်ပေးမည်ဖြစ် သဖြင့် လုပ်ငန်းရှင်များ အနေဖြင့် အရည် အသွေးမြင့် သည့် ကော်ဖီထုတ်ကုန်များရရှိရေး ကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း၊ နောင်တွင် လုပ်ငန်းရှင်များ ကိုယ်တိုင်သုတေသနပြု၊ မျိုးကောင်း မျိုးသန့် ထုတ်လုပ်ခြင်း နှင့် ဈေးကွက်မြှင့်တင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကော်ဖီဈေး ကွက်တွင် မြန်မာ့ ကော်ဖီသည် အဆင့်အတန်းရှိရှိဖြင့် နေရာတစ်ခုတွင် ခိုင်ခိုင်မာမာ ရပ်တည် နိုင်ရေး ရည်မှန်း ချက်ထား လုပ်ဆောင်ရမည်ဖြစ်ကြောင်း။

ဈေးကွက်ဝင်ရန် ကြိုးစား

ပြင်ဦးလွင်ဒေသတွင် ကော်ဖီစိုက်ပျိုးမှု အများအပြားရှိပြီး စိုက်ဧက ၁၀၀၀၀ ကျော်ခန့်ရှိပြီး ဈေးကွက်အတွင်း နာမည်ရရှိပြီးဖြစ်ကြောင်း၊ ဒေသထွက်ကုန်များကို ခေတ်မီသောထုပ်ပိုး မှုပုံစံများဖြင့် ကောင်းမွန်အောင်လုပ်ဆောင်၍ One Village One Product စနစ်ဖြင့် ဒေသမှ စံပြုထုတ်ကုန် တစ်မျိုးချင်းကို ဈေးကွက်ဝင်ရန် ကြိုးစားခြင်းဖြင့် တစ်ဖက်မှလည်း ခရီးသွား လုပ်ငန်းများဖွံ့ဖြိုးလာ မည်ဖြစ်ပြီး ပြည်တွင်းပြည်ပမှ လာရောက် ကြည့်ရှု လေ့လာသူများ ရရှိလာမည်ဖြစ်ကြောင်း၊ ခရီး သွားလုပ်ငန်း များမှတဆင့် ဒေသထုတ်ကုန်ရောင်း ဝယ်ရေး လုပ်ငန်းများဖွံ့ဖြိုးလာပြီး ဒေသတွင်း ဝင်ငွေကို ကြွယ်ဝစေနိုင်ကာ ဒေသခံပြည်သူလူထု၏ လူနေမှုစနစ်ကို မြင့်မားလာစေမည်ဖြစ်ကြောင်း၊ ကော်ဖီစိုက်လုပ်ငန်းရှင်များ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး မိမိတို့ တစ်ဦးချင်း၊ ဒေသနှင့် တိုင်းပြည် အကျိုးစီးပွားတိုး တက်စေရေးအတွက် လုပ်ငန်း ဆောင်ရွက်ရာတွင် အစုအဖွဲ့လိုက်အောင်မြင်အောင် ဆောင်ရွက်ကြစေ လိုကြောင်းနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည် ဆွေးနွေးပြောကြားသည်။

ဆွေးနွေး

ထို့နောက် ကော်ဖီခြံများအတွင်း လိုက်လံကြည့်ရှု၍ စိုက်ပျိုးထားရှိမှုအခြေ အနေများနှင့် ခင်းကျင်း ပြသ ထားသည့် ကော်ဖီထုတ်ကုန်များ၊ မျိုးစေ့များ၊ လုပ်ငန်း သုံးပစ္စည်း ကိရိယာ များ ကို လေ့လာကြည့်ရှုကြရာ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူ များက ရှင်းလင်း ပြသကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ကော်ဖီပင်နှင့် အရိပ်ပင် ကြား လေဝင်လေထွက် ကောင်းမွန်ရန်နှင့် အရိပ်ပင် သည် ပိုးမွှားလက်ခံပင် မဖြစ်စေရေး အတွက် အရိပ်ပင်အလင်းဖွင့်ခြင်း လုပ်ငန်းများကို ဂုရုပြုဆောင် ရွက်ရန်လိုအပ်သည့် အခြေအနေများ နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Crd; သတင်းစဉ်