သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

တစ်နိုင်ငံလုံး မိုးစပါးပျမ်းမျှ တစ်ဧက တင်း(၁၀၀) ၊ နွေစပါးပျမ်းမျှ တစ်ဧက တင်း(၁၂၀) ထွက်ရှိရေးဆောင်ရွက်

သဘာဝမြေသြဇာပုံများ လက်တွေ့ပြုလုပ်သုံးစွဲရန် ပညာပေးဆောင်ရွက်ရာ၌ တောင်သူများ အလွယ်တကူ လိုက်ပါလုပ်ဆောင်နိုင်ကြသော နည်းစနစ်များဖြစ်စေရေး ၊ သီးနှံတစ်ခု ဆွတ်ခူး ရိပ်သိမ်းပြီး နောက်သီးနှံမစိုက်ပျိုးမီ သစ်စိမ်းမြေသြဇာများ ပြုလုပ်သုံးစွဲနိုင်ရေး နှင့် သဘာဝ မြေသြဇာကို ရေရှည် သုံးစွဲနိုင်ကြစေရန် အများအပြားထုတ်လုပ်သုံးစွဲနိုင်သည့် မြေဆွေးပုံ ပြုလုပ်နည်း တောင်သူပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ကြောင်း စက်တင်ဘာ လ (၁၇)ရက်နေ့ နေ့လည်ပိုင်း က နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် နှင့် ဒက္ခိဏသီရိမြို့နယ်များရှိ မိုးစပါး စိုက်ခင်းများ၊ သဘာဝမြေသြဇာပုံများ ဆောင်ရွက်ထားရှိမှု အခြေအနေများ အား ကွင်းဆင်း စစ်ဆေးကြည့်ရှုစဉ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က တာဝန်ရှိသူများအား ပြောကြားသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် သည် တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ နှင့်အတူ ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာအုပ်စု မိုးစပါး စိုက်ခင်းများ ၊ သဘာဝမြေသြဇာပုံများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။

                ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ် မိုးစပါး ဧက(၁၀၀) စိုက်ခင်းသို့ရောက်ရှိပြီး ဝန်ထမ်းများ၊ တောင်သူများနှင့်တွေ့ဆုံစဉ် မိုးစပါးတစ်ဧကတင်း(၁၀၀)အထွက်နှုန်း ရရှိရေးကို ဆောင်ရွက်ရာတွင် ယခင်နှစ်  မိုးစပါးအထွက်နှုန်းကို အခြေခံပြီး ယခုနှစ်တင်း(၁၀၀) အထွက် နှုန်း ရရှိရေးအတွက် လိုအပ်ချက်များကို ပြုပြင်ဆောင်ရွက်စေလိုကြောင်း၊ တစ်နိုင်ငံလုံး မိုးစပါး ပျမ်းမျှ တစ်ဧက တင်း(၁၀၀) ၊ နွေစပါးပျမ်းမျှ တစ်ဧက တင်း(၁၂၀)ထွက်ရှိရေး အတွက် နောက်ထပ်(၂)နှစ်၊(၃)နှစ်ခန့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိုးစပါး တင်း(၁၀၀) ထွက် ရှိအောင် ဆောင်ရွက် ရာတွင် မျိုးကောင်းမျိုးသန့်သုံးစွဲခြင်း၊ သွင်းအားစုများအား အချိန်ကိုက် အချိုးညီ သုံးစွဲခြင်း၊ ရေသွင်းရေခမ်းစနစ် လိုက်နာကျင့်သုံးခြင်း၊ ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းခြင်း စသည့် အထွက်တိုးနည်းလမ်းများအတိုင်း တိတိကျကျ လိုက်နာ ဆောင်ရွက် စေလိုကြောင်း၊ ယခုလက်ရှိ စိုက်ခင်း အနေအထားကို အခြေခံပြီး တင်း(၁၀၀)နှင့်အထက် အထွက်နှုန်းရရှိရေးအတွက် ရှိရမည့် ပင်ပွားဦးရေ၊ တစ်နှံပါ အောင်စေ့များရရှိအောင်၊ အဖျင်းအမှော်နည်းအောင် ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မိုးစပါး ဧက(၁၀၀)စံပြစိုက်ခင်း ၏ အောင်မြင်ဖြစ်ထွန်း နေမှုများ နှင့် သဘာဝမြေသြဇာမြေဆွေးပုံ ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိ သည်။