ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ (၇)ကြိမ်မြောက် အာဆီယံ−တရုတ် ပိုးမွှားရောဂါကင်းစင်ရေးပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး သို့ တက်ရောက်

          အာဆီယံ−တရုတ် ပိုးမွှားရောဂါကင်းစင်ရေးပူးပေါင်း ဆောင်ရွက် ရေးဆိုင်ရာ ဝန်ကြီး အဆင့် (၇)ကြိမ်မြောက် အစည်းအဝေး ကို  စက်တင်ဘာလ (၁၃) ရက်နေ့ နံနက်ပိုင်းက Video Conference ဖြင့်ကျင်းပခဲ့ရာ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ လယ်ယာ စိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ၊ အကောက်ခွန် အထွေအထွေ စီမံအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့မှ ဒုတိယဝန်ကြီးများ နှင့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ကြပြီး မြန်မာနိုင်ငံ မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် အဆင့်မြင့် ကိုယ်စားလှယ်များ ပါဝင်တက် ရောက်ဆွေးနွေးခဲ့ကြသည်။

          အစည်းအဝေး ဖွင့်ပွဲအခမ်းအနား တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေအထွေစီမံအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ ဒုတိယဝန်ကြီး ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ ၏ ဒုတိယဥက္ကဌ နှင့် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာ အလှည့်ကျ သဘာပတိ ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုး ရေး၊ သစ်တောနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးတို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

          အစည်းအဝေးတွင်  (၂၃)ကြိမ်မြောက် အာဆီယံ−တရုတ်ထိပ်သီးအစည်းအဝေးနှင့် အာဆီယံ နိုင်ငံများ နှင့်တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တို့၏ ပူးပေါင်းဆောင်ရွက်မှုနှစ် (၃၀)ပြည့် အခမ်းအနား အထိမ်းအမှတ် အဖြစ် ကျင်းပခဲ့သည့် အာဆီယံ−တရုတ် နိုင်ငံခြားရေးဝန်ကြီး များ ၏ အထူးအစည်းအဝေးမှ ထွက်ပေါ်လာသော လမ်းညွှန်ချက်များအနက် ပိုးမွှားရောဂါ ကင်းစင်ရေး နှင့် သက်ဆိုင်သည့် အရေးကြီးသော အချက်များကို တင်ပြဆွေးနွေးခြင်း၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ အတွင်းကျင်းပခဲ့သည့် (၇)ကြိမ်မြောက် အာဆီယံ−တရုတ် ပိုးမွှား ရောဂါ ကင်းစင်ရေးဆိုင်ရာ လုပ်ငန်းများအတွက် ချိတ်ဆက်ဆောင်ရွက်ရမည့်  ပုဂ္ဂိုလ်များ အစည်း အဝေးမှ ရလဒ်များ၊ အာဆီယံ−တရုတ် ပိုးမွှားရောဂါ ကင်းစင်ရေးဆိုင်ရာ လုပ်ငန်း အစီအစဉ် (၂၀၁၉−၂၀၂၀)၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၏ ဆွေးနွေး တင်ပြချက်များ အပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် လမ်းညွှန်ချက်များ ချမှတ်ပေးခြင်း၊ (၂၀၂၂−၂၀၂၃) တွင် ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ် အသစ်နှင့် ၂၀၂၁ခုနှစ်အတွင်း လက်မှတ်ရေးထိုးမည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပိုးမွှားရောဂါကင်းစင် ရေး ပူးပေါင်း ဆောင်ရွက် မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် အစည်းအဝေး၏ ပူးတွဲ ကြေညာချက် အား လက်ခံအတည်ပြုခြင်း တို့ကို ဆွေးနွေးသဘောတူညီခဲ့ကြကြောင်း သတင်းရရှိသည်။